Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၁,၃၀၀ ကျော်ပြီ

အဆိုပါအရေအတွက်သည် AAPPက ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွား သူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အသိပေးထားသည်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ သတ်ဖြတ်မှု ကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၃၀၅ဦးအထိ ရှိခဲ့ပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)က ယနေ့(ဒီဇင်ဘာ၇ရက် ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPPက ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွား သူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အသိပေးထားသည်။

AAPP ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့(ဒီဇင်ဘာလ ၇ ရက်)ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၇,၈၂၃ ဦးရှိပြီး ၎င်းတို့အနက်မှ ၃၅၇ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၃၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၆၃ ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၅ဦးရှိပြီဟု ဖော်ပြထားသည်။

ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် တနင်္သာရီတိုင်း မြိတ်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ နှစ်ဦး၏ အချက်အလက်များကို ယနေ့(ဒီဇင်ဘာ ၇)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့အပြင် ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ကလေးမြို့နယ် သံဖို့ကျေးရွာမှ ဆလိုင်းလားရိုမော (Lal Ro Mawi) ကို အကြမ်းဖက်စစ်အုပ်စု၏တပ်များမှ ဖမ်းဆီးခေါ်ဆောင်၍ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီးနောက် ကလေးမြို့နယ် အိုးမြေထူးကျေးရွာကို မီးရှို့မှုအတွင်း ဆလိုင်းလားရိုမောကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ဆလိုင်းလားရိုမောသည် မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ၎င်း၏ ပဲစိုက်ခင်းတွင် အလုပ်လုပ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တနင်္သာရီတိုင်း မြိတ်မြို့၊ နောက်လယ်ရပ်ကွက်တွင် ထမင်းဆိုင်ဖွင့်၍ ရောင်းချနေသည့် ဦးပြည့်စုံဦး (ခ) တီးတီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲပြီး အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဒီဇင်ဘာ ၄ ရက် နံနက် ၇နာရီခွဲအချိန်တွင် ဖမ်းဆီးသွားခဲ့သည်။ ဒီဇင်ဘာ၆ ရက်တွင် ဦးပြည့်စုံဦး၏ ရုပ်အလောင်းကို သုသာန်၌ လာရောက်ကြည့်ရှုရန် မိသားစုကို အကြောင်းကြားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

Facebook