Connect with us

Hi, what are you looking for?

News

ကရင်ပြည်နယ်တိုက်ပွဲတွင် PDFတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

အသက် ၂၈ နှစ်အရွယ် ကိုကောင်းထက်စိုးဖြစ်ပြီး ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင်လူငယ်တစ်ဦးဖြစ်​ကြောင်း နီးစပ်သူများက ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီကိုဖြုတ်ချ​ရေး ခုခံ​တော်လှန်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (PDF )တပ်ဖွဲ့ ဝင်တစ်ဦးဖြစ်​သော အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးသည် ကရင်ပြည်နယ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း
ကျဆုံးသွားခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ကိုကောင်းထက်စိုးဖြစ်ပြီး ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင်လူငယ်တစ်ဦးဖြစ်​ကြောင်း နီးစပ်သူများက ပြောသည်။

ကရင်ပြည််နယ် တပ်မဟာ(၅) နယ်မြေ၌ ယနေ့(ဒီဇင်ဘာ ၆)ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖက်ဒရယ်ဒမိုက​ရေစီနိုင်ငံထူ​ထောင်​ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့​ကြောင်းကိုကောင်းထက်စိုးနှင့် ရင်းနီးသူများ People’s Spring သို့ပြောသည်။

ကိုကောင်းထက်စိုးသည် စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းပြီးငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်​ကောင်စီတပ်ကရက်ရက်စက်စက်​သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး​နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ကာ မိသားစုအား အဆက်အသွယ်ဖြတ်ပြီး ကရင်ပြည်နယ် တပ်မဟာ(၅)နယ်မြေ၌ PDF တပ်သားအဖြစ်ဝင်​ရောက်ခဲ့သူဖြစ်သည်။ သူ၏ တော်လှန်ရေးကာလအမည်မှာ ရဲဘော်ရမ်ချိုဖြစ်သည်။

Public Service Announcement

Public Service Announcement

ယ​နေ့ကို​ကောင်းထက်စိုး ကျဆုံးခဲ့ပြီး​​နောက် “ငါတို့တွေ မင်းခြေမှုန်မမှီသေးဘူး။ ငါတို့တွေ လိပ်ပြာမလုံသေးဘူး။ငါတို့တွေ မင်းလို မပေးဆပ်နိုင်သေးဘူး။ငါတို့တွေ မင်းလို အနစ်နာမခံနိုင်သေးဘူး။မင်းဟာ ငါတို့ရဲ့ သူရဲကောင်းတဦးပါ ညီလေး”ဟု သူ၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

နိုင်ငံ​တော်အာဏာကိုမတရားသဖြင့်လုယူပြီး ပြည်သူများ၏ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုမှုများကို မျက်ကွယ်ပြု၍ ရက်ရက်စက်စက်​သေနတ်ဖြင့်ပစ်သတ်ခဲ့​သောအကြမ်းဖက်စစ်​ကောင်စီကိုဖြုတ်ချရန် ဘာသာစုံ၊လူမျိုး​ပေါင်းစုံ ၊ ဆရာဝန်၊အင်ဂျင်နီယာ၊အနုပညာရှင်၊အလုပ်သမား၊​တောင်သူလယ်သမားစ​သောအလွှာ​ပေါင်းစုံမှ လူငယ်များကPDFအတွင်းဝင်​ရောက်ကာ စစ်ပညာသင်ယူ၍ ခုခံ​​တော်လှန်​နေကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။