Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ်က စစ်ကြောင်းထိုးလာနိုင်လို့ လမ်းပိုင်းတစ်ခု ယာယီပိတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာနိုင်လို့ ချောင်းဦး-မယ်သည်းကြိုးလမ်းပိုင်း ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

(ချောင်းဦးမြို့မှာ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက ကင်းစောင့်နေသော စစ်ကောင်စီတပ်သားတစ်ဦးအား တွေ့ရစဥ်။ဓာတ်ပုံ − CJ)

ဖေဖော်ဝါရီ ၂၃၊၂၀၂၆ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာနိုင်လို့ ချောင်းဦး-မယ်သည်းကြိုးလမ်းပိုင်း ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းမှာ ချောင်းဦးမြို့၊ ရပ်လှေရပ်၊ အမြင့်လမ်းခွဲနဲ့ တမာတန်းရပ်တွေမှာ မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားရောက်ရှိနေပြီး စစ်ကြောင်းထိုးနိုင်ခြေရှိကြောင်း၊ ဒါ့ကြောင့် ချောင်းဦး-မယ်သည်းကြိုးလမ်းကို ယာယီပိတ်ထားကြောင်းနဲ့ အန္တရာယ်များလို့ လုံးဝ အသုံးမပြုကြဖို့လည်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။

“ချောင်းဦးမြို့ပေါ်က စစ်ကောင်စီတပ်က သူတို့ရောက်လေ့ရောက်ထမရှိတဲ့ မြို့အစွန်ဘက်တွေကို ခြေရှုပ်နေတဲ့အတွက် လမ်းအသုံးမပြုသင့်တဲ့အတွက် ပိတ်ထားတာပါ။ အိမ်စီးကားနှစ်စီးလောက်နဲ့ချလိုက်ဝင်လိုက်ထွက်လိုက် လုပ်နေတယ်။ မြို့ထဲမှာရှိတဲ့အင်အားအများစုကို မြို့စွန်ဘက်ကို လာပို့တဲ့အနေအထားမို့ စစ်ကြောင်းထိုးနိုင်ခြေရှိတဲ့အတွက် ယာယီပိတ်ထားတာပါ”လို့ ၎င်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်တလောအချိန်အထိ စစ်တပ်က စစ်ကြောင်းထိုးတာ၊ ဖမ်းဆီးတာတွေမရှိသေးဘူးလို့လည်း ချောင်းဦးပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

စစ်တပ်ဟာ တော်လှန်ရေးအားကောင်းတဲ့ ချောင်းဦးနယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှိူ့တဲ့အပြင် လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညက ချောင်းဦးနယ်ကရွာတစ်ရွာ ဆီမီးသပိတ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook