Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တိုက်ပွဲ စစ်တပ်ထိခိုက်မှုရှိနိုင်ဟု မြိတ်ခရိုင်တပ်ရင်း(၂) ထုတ်ပြန်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ဒီကနေ့ မတ်လ ၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြိတ်ခရိုင် တပ်ရင်း(၂)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − People's Defence Force

မတ် ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ဒီကနေ့ မတ်လ ၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၈ ရက်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို အသိပေးခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကို ဒရုန်းနဲ့ အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဖော်ပြပါတယ်။

ဒါအပြင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲတွေမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် တမုတ်ချုံရွာအတွင်း စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” သူတို့က တမုတ်ချုံမှာ တပ်စွဲထားလို့ လက်နက်ကြီးပစ်လိုက် ဒရုန်းချလိုက် တိုက်ပွဲဖြစ်လိုက်ပါပဲ” လို့ မြိတ်ခရိုင် တပ်ရင်း(၂) သတင်းပြန်ကြားရေး တာဝန်ရှိသူက ဒေသတွင်း စစ်ရေး အခြေအနေကို ပြောပါတယ်။

စစ်တပ်က အဲဒီမှာ ဆက်လက်တပ်စွဲထားတာဖြစ်လို့ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်တာတွေရှိနေမယ်လို့လည်း ပြောပါတယ်။

တမုတ်ချုံရွာက စစ်တပ်ကို မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂)၊ ကော့သောင်းခရိုင် တပ်ရင်း(၁)၊ Dragon Squad ဒရုန်းတပ်ဖွဲ့၊ ADF ဒရုန်းတပ်ဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖနဲ့ ကျွန်းစုမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook