Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီတပ်က အင်အားတိုးချဲ့​နေ၍ ပြည်သူများ သတိပြုရမည့်အချက်များ မြိုင် PDF ထုတ်ပြန်

ဒီဇင်ဘာ ပထမပတ်ကစပြီး အင်အားတိုးနေတယ်။ ၁၀၀ ကျော်လောက်ရှိမယ်။သူတို့ (အကြမ်းဖက်စစ်ကောင်စီ) ရဲ့လှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်နေတယ်”ဟု မြိုင် PDFမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားတိုးချဲ့လာသဖြင့် သတိပြုလိုက်နာရမည့်အချက်များကို ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ​မြိုင် PDF က ထုတ်ပြန်သည်။

“ဒီဇင်ဘာ ပထမပတ်ကစပြီး အင်အားတိုးနေတယ်။ ၁၀၀ ကျော်လောက်ရှိမယ်။သူတို့ (အကြမ်းဖက်စစ်ကောင်စီ) ရဲ့လှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်နေတယ်”ဟု မြိုင် PDFမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် မြိုင်မြို့နယ်အတွင်း နံနက် ၆နာရီမှ ည၆ နာရီအတွင်းသာ ခရီးသွာလာရန်နှင့် သွားလာရာတွင် ကားမှန်များကို ချမောင်းနှင်ရန်လည်း အသိပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီအသုံးပြုနေသည့် ရေနံကားများနှင့် ကပ်မလိုက်ရန်လည်း လိုအပ်ပြီး ယခုထုတ်ပြန်ချက်ကို မလိုက်နာ၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲများအား တာဝန်မယူပါကြောင်းလည်း သတိပေးသည်။

Public Service Announcement

Public Service Announcement

မိဘပြည်သူများအနေဖြင့် အရေးကြီးစာရွက်စာတမ်းများပစ္စည်းများကို သေချာစွာသိမ်းစည်းရန်၊အရေးပေါ်သုံးပစ္စည်းများ (မိုးကာ၊စောင်)ကို အရန်သင့်ထားရှိရန် နှင့် အကြမ်းဖက်စစ်ကောင်စီလမ်းကြောင်းမှ ရှောင်ရှားကြပါရန်မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook