Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမှာ စစ်တပ်က ပြည်သူတွေနေအိမ်ပြန်နေဖို့စည်းရုံးပြီးနောက် ဖမ်းဆီးနေ

စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ မတ္တရာမြို့နယ်မှာ ပြည်သူတွေ နေအိမ်တွေမှာပြန် နေဖို့စည်းရုံးပြီးတဲ့နောက် PDFနဲ့ နီးစပ်တယ်လို့သံသယရှိသူတွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

မတ်-၆၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ မတ္တရာမြို့နယ်မှာ ပြည်သူတွေ နေအိမ်တွေမှာပြန် နေဖို့စည်းရုံးပြီးတဲ့နောက် PDFနဲ့ နီးစပ်တယ်လို့သံသယရှိသူတွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်ကို စစ်တပ်က ၂၀၂၅ နိုဝင်ဘာမှာ ပြန်ထိန်းချုပ်ပြီးနောက် ပြည်သူတွေ နေအိမ်ပြန်မလာပါက အိမ်ချိတ်ပိတ်မှာဖြစ်ပြီး နေအိမ်ပြန်လာနေပါက ဖမ်းဆီးမှုမလုပ်ဘူးလို့ စစ်တပ်က လိမ်လည်စည်းရုံးပြီး ပြန်ခေါ်ခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာ ကျေးရွာဒေသခံတချို့ဟာ နေအိမ်ပြန်နေကြပြီး စစ်တပ်က နေအိမ်ပြန်နေခဟုဆိုကာ တစ်အိမ်ကို ကျပ် ၃၀၀၀၀နဲ့ လူစာရင်း တွေပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ပြည်သူတွေနေအိမ်ပြန်ဝင်ပြီးနောက် စစ်တပ်က အရင်က PDFနဲ့နီးစပ်သူ၊သံသယရှိသူတွေကို ဖမ်းဆီးတာမျိုးပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူ‌တွေဟာ ကျွဲကျရွာက ၃‌ဦး၊စကျင်ရွာက ၇ ဦး၊အုတ်ကန်နဲ့ ဒီဃာကျေးရွာက ၃၀ကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

“ထောင်ဒဏ်အနှစ်၂၀နဲ့ ၁၀နှစ် ကျော်ချလိုက်တဲ့သူ တွေလည်းပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်းလည်း စစ်တပ်က မတ္တရာမြို့နယ် အနောက်ခြမ်းမှာ စစ်ကြောင်းလှုပ်တဲ့ပုံစံပြကာ အရှေ့ခြမ်းမှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။