Connect with us

Hi, what are you looking for?

သတင်း

မင်း​မော်ကွန်းကိုချန်ပြီး စစ်တပ်ဖိအားမ​ပေးဘဲ နှင်း‌ဆီအဖွဲ့ ပြန်​ဖျော်​​ဖြေဖို့ စီစဥ်​

ရုပ်ရှင်အစည်းအရုံးတည်ထောင်တဲ့ နှစ်(၈၀) ပြည့်အထိမ်းအမှတ် နှင်းဆီအဖွဲ့ရဲ့ ‌ဖျော်ဖြေပွဲက စစ်ကောင်စီဘက်က ဖိအားတွေကြောင့် လုပ်တာမဟုတ်ပဲ အဖွဲ့သားတွေကိုယ်တိုင် တတ်တတ်ကြွကြွလုပ်ဆောင်နေတာဖြစ်တယ်လို့ ရုပ်ရှင်လောကက သတင်းရင်းမြစ်က ပြောပါတယ်။

မတ်-၇၊၂၀၂၆။ဆဏ်း/People’s Spring

ရုပ်ရှင်အစည်းအရုံးတည်ထောင်တဲ့ နှစ်(၈၀) ပြည့်အထိမ်းအမှတ် နှင်းဆီအဖွဲ့ရဲ့ ‌ဖျော်ဖြေပွဲက စစ်ကောင်စီဘက်က ဖိအားတွေကြောင့် လုပ်တာမဟုတ်ပဲ အဖွဲ့သားတွေကိုယ်တိုင် တတ်တတ်ကြွကြွလုပ်ဆောင်နေတာဖြစ်တယ်လို့ ရုပ်ရှင်လောကက သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီလို ပြုလုပ်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ နှင်းဆီအဖွဲ့ ပြန်လာနိုင်မလားဆိုတဲ့ ပထမခြေလှမ်းအနေနဲ့ စမ်းသပ်တဲ့အနေအထားလို့လည်းမြင်နိုင်ပါတယ်။ အခုချက်ချင်း နှင်းဆီ အငြိမ့်ကို မလုပ်ရဲသေးတဲ့အကြောင်းကတော့ အဖွဲ့ဝင်တစ်ချို့ မပါဝင်သေးတာ၊အထူးသဖြင့် မင်းမော်ကွန်းမပါဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတော့ ပြဇာတ်နဲ့ စပြီး နောက်ပိုင်းမှ နှင်းဆီ အငြိမ့် ကို ဆက်လုပ်လာနိုင်တယ်ဆိုတဲ့ သဘောမျိုးလည်း ရှိပါတယ်။” လို့ ပြောပါတယ်။

ဒီဖျော်ဖြေပွဲကိုလည်း အရင်နှင်းဆီဖျော်ဖြေပွဲတွေလို အငြိမ့်ပုံစံမဟုတ်ပဲ ပြဇာတ်အနေနဲ့သာ ကပြမှာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖျော်ဖြေပွဲကို မတ်လ ၈ ရက်ည အမျိုးသားကဇာတ်ရုံမှာပြုလုပ်မှာဖြစ်ပြီး ပြည်သူ့ဘက်ကိုရပ်တည်ခဲ့တဲ့ မင်းမော်ကွန်းကလွဲရင် အဖွဲ့သားအားလုံးပါဝင်ကြမှာပါ။

“ဒီအစီအစဉ်ကို မောင်မျိုးမင်း (ရင်တွင်းဖြစ်) က နာမည်ခံထားပေမယ့် နေတိုး က အဓိက ဦးဆောင်ပြီး စီစဉ်နေတယ်လို့ ဆိုပါတယ်။ နှင်းဆီအဖွဲ့ကြီးအနေနဲ့ အဖွဲ့ဝင်အားလုံးနဲ့ comeback မလုပ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နေတာက တော်လှန်ရေးအဖွဲ့တွေကိုမထိခိုက်အောင်သတိထားနေတာလား ဆိုတဲ့ အခြေအနေ အရင်ကရှိခဲ့ပေမယ့် အခုလို တစ်ဦးချင်းစီ လှုပ်ရှားလာတာကြောင့် အဲဒီသဘောထားတွေက မမှန်တော့ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။” လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

နေတိုးက အာဏာသိမ်းစစ်ခေါင်းဆောင်သမီး ခင်သီရိသက်မွန် ရဲ့ ထုတ်လုပ်ရေးတွေနဲ့ စာချုပ်ချုပ် လုပ်ဆောင်နေသူဖြစ်သလို လက်ရှိမှာလည်း ဒီပွဲအတွက် ဦးဆောင်စီစဉ်နေတာကြောင့် ‌ဝေဖန်မှုအများဆုံးခံရတယ်လို့လည်း သိရပါတယ်။

“မင်းမော်ကွန်းအပေါ် စာနာမှုမရှိဘူး၊ တော်လှန်ရေးအပေါ်လည်း စာနာမှုမရှိဘူး ဆိုတဲ့ စကားတွေ ထွက်ပေါ်နေပါတယ်။နေတိုးအနေနဲ့ သူ့မှာ ကြော်ငြာတွေ၊ ရုပ်ရှင်ရိုက်ကူးရေးတွေ၊ ပွဲတက်တွေ မအားမလပ်နေတဲ့ကြားထဲက ဒါမလုပ်လည်းဖြစ်ရဲ့သားနဲ့ ဒီဟာကို သူက ဉီးဆောင်ပြီး မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ လုပ်နေတာဖြစ်၊ သိထားရသလောက် ရုပ်ရှင်အစည်းအရုံးကရော၊ ပြန်ကြားရေးကရော ဖိအားပေးပြီး လုပ်ခိုင်းနေတာမဟုတ်ဘဲ သူ့တို့ဟာသူတို့ လုပ်နေတာကို ကြည့်ရင် မင်းမော်ကွန်း မပါလည်း နှင်းဆီကို ဆက်လုပ်နေတယ် ဆိုတဲ့ သဘောဖြစ်နေပါတယ်။” လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook