Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ် အင်းဗလာရွာ စစ်တပ်ဗုံးကြဲလို့ ကလေး ၂ဦး အပါအဝင် ပြည်သူ ၆ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)မြို့နယ် ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

(ရွှေကျင်မြို့နယ် အင်းဗလာကျေးရွာ စစ်တပ် ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

မတ်-၁၂၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)မြို့နယ် ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၁ရက် နေ့လည် ၁၂နာရီ ၅၀မိနစ် လောက်မှာ စစ်ကောင်စီရဲ့ ခမရ (၂၀)တပ်ရင်းက စက်တပ်လေထီး (Paramotor) သုံးပြီး ရွှေကျင်မြို့နယ် အောပလား(အင်းဗလာ)ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံး၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ (၆)နှစ်အရွယ် ကလေးငယ် ၂ဦးနဲ့ ပြည်သူ ၄ဦး သေဆုံးကာ ကလေးငယ် ၁ဦးနဲ့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။ နေအိမ်ပျက်စီးမှုနဲ့ နွား ၂ကောင်သေဆုံးမှု ရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူတွေထဲက (၉)နှစ် ကလေးဟာ ခြေထောက်နဲ့ လက် ပြတ်သွားတာကြောင့် စိုးရိမ်ရကြောင်း ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မတ်လပထမပတ်ကလည်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကြောင်းထိုးပြီး အရပ်သား ပြည်သူရာချီဖမ်းဆီး သတ်ဖြတ်တာ လေကြောင်း ဒရုန်း အသုံးပြု ဗုံးကြဲတာတွေကြောင့် ပြည်သူ ၃၀ကျော် သေဆုံးခဲ့ရတယ်လို့ တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

ဒါ့အပြင် KNU မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်မှာလည်း မတ်လ ၉ရက်နဲ့ ၁၀ရက်မျာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၈ဦးအပါအဝင် အရပ်သား ပြည်သူ ၁၅ ဦးသေဆုံးပြီး ၁၆ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ် ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ပြည်သူလူထု အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။