Connect with us

Hi, what are you looking for?

ဗီဒီယို

မြိုင်မြို့နယ်တွင် စစ်​ကြောင်းထိုးလာသည့် စစ်​ကောင်စီတပ်ကို PRA အဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ စစ်​ကောင်စီတပ်သား ​ခြောက်ဦးထက်မနည်း​သေဟု ဗိုလ်ဂျပန်​ပြော

တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၉ ရက်ကဖြစ်ပြီး မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ကြောင်းကို နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်​ကောင်စီတပ်သား​ခြောက်ဦးထက် မနည်းသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၉ ရက်ကဖြစ်ပြီး မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ကြောင်းကို နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ကနဦး မိုင်းဆွဲတိုက်ခိုက်မှုကို ဒီဇင်ဘာ ၉ ရက် နံနက် ၄ နာရီခန့်က ကန်ကြီးတော-မင်းသားကျလမ်းမပေါ်တွင် မြိုင် PDFက ဆောင်ရွက်ခဲ့ပြီး စစ်သားလေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် မြိုင်မြို့နယ် မင်းသားကျရွာ အထွက်တွင် ခြေလျင်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၆၀ ကျော်ကို ယမန်နေ့ နေ့လည် ၁ နာရီခွဲ ခန့်က PRA ဦးဆောင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်သား ခြောက်ဦးထက်မနည်းသေဆုံးသည်ကို ယနေ့(ဒီဇင်ဘာ ၁၀ ရက်) တွင် အတည်ပြုနိုင်ခဲ့ကြောင်း ဗိုလ်ဂျပန်က ဆိုသည်။

“မြိုင် နဲ့အနီးတစ်ဝိုက်မှာလည်း ကျွန်တော်တို့ တပ်ခွဲတွေရှိတယ်။ကြိုသတင်း ရတာလည်းပါတယ်။ ပခုက္ကူကနေပြီး ဒီဇင်ဘာ ၈ ရက်က စစ်ခွေးတွေမြိုင်ဘက်ကို ဆင်းလာမယ်ဆိုတာ။ဒါကြောင့် မိုင်းတွေ အဆင်သင့်ဆင်ပြီး တိုက်နိုင်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် မင်းသားကျရွာ အပါ အဝင် နီးစပ်ရာ ရွာလေးခု မှ ဒေသခံ ၈၀၀ခန့်ကို ပြည်သူ့တပ်ဖွဲ့များက ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရန် ကူညီခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook