Connect with us

Hi, what are you looking for?

သတင်း

ဝင်း၀တပ်စခန်းသိမ်းစစ်ဆင်ရေးလို တိုက်ပွဲတွေဖော်ဆောင်ဖို့ရှိဟု တနင်္သာရီတိုင်းစစ်ဌာန ထုတ်ပြန်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝစခန်းသိမ်းတိုက်ပွဲလို အလားတူတိုက်ပွဲတွေ အရှိန်ဟုန်မြင့် ဖော်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ သတိပေးနှိုးဆော်ချက်တွေကို အပြည့်အဝ လိုက်နာ ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီစစ်ဌာနက ထုတ်ပြန်ပါတယ်။

(ဝင်း၀ တပ်စခန်းသိမ်းတိုက်ပွဲက တော်လှန်ရေးရဲဘော်တွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - တနင်္သာရီတိုင်းစစ်ဌာန)

မတ် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝစခန်းသိမ်းတိုက်ပွဲလို အလားတူတိုက်ပွဲတွေ အရှိန်ဟုန်မြင့် ဖော်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ သတိပေးနှိုးဆော်ချက်တွေကို အပြည့်အဝ လိုက်နာ ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီစစ်ဌာနက ထုတ်ပြန်ပါတယ်။

မတ်လ ၁၁ရက်က သရက်ချောင်းမြို့နယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်း၀ စစ်ကောင်စီ စခန်းအား KNU၊ NUG ပူးပေါင်း တိုက်ခိုက်သိမ်းယူခဲ့မှုကို အသိပေး ထုတ်ပြန်ရာမှာ အထက်ပါအတိုင်း အသိပေး သတိပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရာမှာ တက်စွမ်းတဲ့ဘက်က ပါဝင်ပူးပေါင်းကြဖို့လည်း နှိုးဆော်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဝင်း၀ တပ်စခန်းသိမ်းတိုက်ပွဲ အခြေအနေကိုလည်းအသိပေးထားရာ စစ်ဆင်ရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNLA အထူးဗျူဟာ(၂)၊ တပ်ရင်း(၂၇) / တပ်ရင်း(၁၂) / တပ်ရင်း(၁၀)၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ထားဝယ်ခရိုင်တပ်ပေါင်းစု (ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့- (ထားဝယ်/ လောင်းလုံး/ သရက်ချောင်း/ ရေဖြူ) ပ.က.ဖ အဖွဲ့ဝင်တွေနဲ့ ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်း ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဝင်း၀တပ်စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ အလက် ၄၀ကျော် သိမ်းရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

သိမ်းရတဲ့ လက်နက်ခဲယမ်းတွေကတော့ M.A3 (၅)လက်၊ M.A2 / စက်ကလေး (၃)လက်၊ M.A1 (၁၅)လက်၊ M.A4 / နိုင်းတွဲ (၁)လက်၊ G3 (၆)လက်၊ M.16 (၃)လက်၊ ငကြင်းမြီး (၂)လက်၊ G.3/စက်ကလေး (၁)လက်၊ 40.MM (၁)လက်၊ 60.MM (၂)လက်၊ ၆ဝ မမ ကွန်မန်ဒို စိန်ပြောင်း (၂)လက်၊ ဘော်ကာ (၂)လက် တို့ဖြစ်ပြီး မိုင်း၊ ခဲယမ်း၊ ကျည်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရခဲ့ဟု ဖော်ပြထားပါတယ်။

ဝင်း၀တပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့သလို တော်လှန်ရေး ပူးပေါင်းတပ်က ရဲဘော်အချို့ ကျဆုံးခဲ့ကြောင်း အသိပေးပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက အပြစ်မဲ့စစ်ဘေးရှောင် ပြည်သူ(၂၀)ခန့်လည်း ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

စခန်သိမ်းတိုက်ပွဲ စစ်ဆင်ရေးကာလအတွင်း စစ်ရေးသတင်းလုံခြုံမှုအရ တယ်လီဖုန်းလိုင်းများ ဖြတ်တောက် ထားရခြင်းအတွက် ပြည်သူလူထု ဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ရတဲ့အပေါ် တနင်္သာရီတိုင်းစစ်ဌာနက တောင်းပန်ထားပါတယ်။

လက်ရှိ ဝင်း၀ တပ်စခန်းအနီး တိုက်ပွဲငယ်တွေ ဆက်ရှိနေပြီး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သာမန်ပြည်သူတွေ အသက်ဆုံးရှုံးနေရလို့ လေကြောင်းရန် အထူးသတိပြုဖို့လည်း တိုက်တွန်းထားပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ တနင်္သာရီတိုင်း စစ်ဌာန ပြောရေးဆိုခွင့်ရှိသူတွေ ဖြစ်တြ့ ဗိုလ်မျူး စောမှူးဂေနဲ့ ရဲဘော်ဂျိုကာတို့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook