Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မီးလောင်မှုကြောင့် ကမ်းကပ်ပြီး ပြင်ဆင်ရတော့မယ့် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး

မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Gerald R. Fordဟာ ကမ်းကပ်ပြီး ပြင်ဆင်ရတော့မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Gerald R. Fordဟာ ကမ်းကပ်ပြီး ပြင်ဆင်ရတော့မယ်လို့ သိရပါတယ်။

Fordဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်သင်္ဘောအဖြစ်လည်း သတ်မှတ် ခံထားရပြီး အီရန်မှာ အမေရိကန် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေမှာလည်း ပါဝင် ကူညီနေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ပင်လယ်နီ ရေပြင်မှာ ရှိနေချိန်အတွင်း Fordရဲ့ အဝတ်လျှော်စက်တွေ ထားရှိရာ ဧရိယာမှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရေတပ်က ကြေညာခဲ့ပါတယ်။

အဲဒီမီးကြောင့် ရေတပ်သား အိပ်ဆောင်တချို့ပါ ပျက်စီးသွားခဲ့တယ်လို့ ယုံကြည်ရပြီး အရေးပေါ် ပြင်ဆင်ဖို့အတွက် ယာယီ ကမ်းကပ်ဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ တရားဝင် မထုတ်ပြန်သေးပေမယ့် Fordကို ဂရိပိုင် ခရီတီကျွန်းရဲ ဆူဒါပင်လယ်အော်နားမှာ ကမ်းကပ်ပြီး ကိုယ်ထည်အတွင်းပိုင်း ပြန်လည် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်း ရေတပ်ရဲ့ သတင်းရင်းမြစ် နှစ်ဦးက Reutersဆီကို ပြောကြားခဲ့ပါတယ်။

အဲဒီကျွန်းမှာ Fordဟာ ဘယ်လောက်ကြာအောင် ရပ်နားထားမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ Fordမှာ လောင်ခဲ့တဲ့ မီးကြောင့် ရေတပ်သား ၂၀၀ နီးပါးလောက်ဟာ မီးခိုးမွှန်ပြီး မွန်းကျပ်ခဲ့သလို ကျန်းမာရေး စောင့်ရှောက်ကုသမှုတွေ ခံယူခဲ့ရကြောင်း အမည်မဖော်လိုသူ ရေတပ် အရာရှိ တစ်ဦးက ဆိုပါတယ်။ ပြီးတော့ နာရီတွေနဲ့ချီ အချိန်ယူပြီး ထိန်းချုပ် ငြှိမ်းသတ်ခဲ့ရတဲ့ မီးကြောင့် အိပ်စင်ပေါင်း ၁၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်မှုမှာ ဒဏ်ရာရခဲ့သူ တစ်ဦးကိုတော့ ဆေးရုံတင်ဖို့အတွက် လေယာဉ်နဲ့ ရွှေ့ပြောင်း သယ်ယူပေးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ New York Times သတင်းဌာနက မီးလောင်မှုကြောင့် သင်္ဘောကိုယ်ထည်ပေါ် ဖြစ်ပွားခဲ့တဲ့ ထိခိုက်ပျက်စီးမှုက အတော်ဆိုးတယ်လို့ ဖော်ပြပေမယ့် အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ သီးခြားမှတ်ချက် မပေးခဲ့ပါဘူး။ မီးလောင်မှုအကြောင်း မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ချိန်ကတော့ သင်္ဘောရဲ့ ခုတ်မောင်းမှု စနစ်တွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ပင်တဂွန်က အတည်ပြုထားပါတယ်။

Fordဟာ ပေပေါင်း ၁၁၀၀ ကျော် ရှည်လျားပြီး တန်ချိန် ၁ သိန်းကျော် အလေးချိန် ရှိသလို ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး၊ အကြီးဆုံး စစ်သင်္ဘောကြီးအဖြစ် သတ်မှတ် ခံထားရပါတယ်။ သင်္ဘောပေါ်မှာ အမှုထမ်း ၅၀၀၀ ကျော် လိုက်ပါလာပြီး လေယာဉ်နဲ့ ရဟတ်ယာဉ် ၇၅ စီးလောက် တင်ဆောင်နိုင်ပါတယ်။

Ford ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ်အုပ်ဟာ ဇွန်လနှောင်းပိုင်းက ဗာဂျီးနီးယားကနေ စတင်ထွက်ခွာလာခဲ့ပါတယ်။ အခုအခါ အဲဒီလေယာဉ်တင် သင်္ဘောကြီးဟာ ပင်လယ်ပြင်မှာပဲ စစ်ဆင်ရေး တာဝန်တွေကို ထမ်းဆောင်နေခဲ့ရာက အခုတော့ ခရီတီကျွန်းမှာ ယာယီကမ်းကပ်ပြီး ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။

အမေရိကန် ရေတပ်ရဲ့ စစ်ဆင်ရေးဆိုင်ရာ ဒုတိယ ကွပ်ကဲမှု အရာရှိ ဂျိမ်းစ်ကီလ်ဘီက Fordဟာ ပင်လယ်ပြင်မှာ စစ်ဆင်ရေး ဖြန့်ကျက်မှု အကြာဆုံး ၁၁ လ စံချိန်ကို ကျော်လွန်နိုင်မယ်လို့ ခန့်မှန်းကြောင်း မတ်လ ၄ ရက်နေ့တုန်းက ပြောကြားဖူးပါတယ်။ အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောတွေဟာ နျူကလီးယား ဓာတ်ပေါင်းဖိုတွေနဲ့ ခုတ်မောင်းတာကြောင့် လောင်စာဆီ ပြန်ဖြည့်ဖို့ မလိုဘဲ အချိန်ကာလ ကြာညောင်းလှတဲ့ စစ်ဆင်ရေး တာဝန်တွေကို ဆက်တိုက် ထမ်းဆောင်နိုင်ပါတယ်။

ရှည်ကြာလှတဲ့ စစ်ဆင်ရေး ကာလအတွင်း Fordပေါ်မှာ ပါရှိတဲ့ အိမ်သာ ၆၅၀ နီးပါးလောက်ဟာ လေဖိအားနဲ့ စုပ်ယူသန့်စင်မှု အပါအဝင် အညစ်အကြေး စီမံမှု စနစ်တွေ မကြာခဏ ချွတ်ယွင်းတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ခရီတီမှာ ကမ်းကပ်ချိန်အတွင်း အဲဒီကိစ္စကိုလည်း တစ်ပါတည်း ဖြေရှင်းသွားဖွယ် ရှိနေပါတယ်။

အမေရိကန် ရေတပ်ဟာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ လေယာဉ်တင် သင်္ဘောတွေထဲက သက်တမ်း အရင့်ဆုံး တစ်စီးဖြစ်တဲ့ USS Nimitzကို အနားပေးတော့မယ့် အစီအစဉ်ကိုလည်း ယာယီ ဆိုင်းငံ့ထားလိုက်ပြီး အနည်းဆုံး ၂၀၂၇ ခုနှစ်၊ မတ်လထိ ဆက်လက် တာဝန်ထမ်းဆောင်သွားစေဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။