Connect with us

Hi, what are you looking for?

News

နိုင်ငံတကာအသိုက်အဝန်း၏ အချိန်မီထိရောက်သော အရေးယူဆောင်ရွက်မှုကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို

မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းကြောင်းသို့ ပြန်လည် ရောက်ရှိရေးအတွက် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ရန် သံအမတ်ကြီးက ထပ်မံတောင်းဆိုသည်။

စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ အချိန်မီထိရောက်သော အရေးယူဆောင် ရွက်မှုမရှိပါက မြန်မာနိုင်ငံကို ကြီးမားသည့် ပဋိပက္ခသို့လုံး၀ကျရောက်စေရန်တွန်းပို့နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေး၌ ယင်းသို့တောင်းဆိုခြင်းဖြစ်ပြီး မြန်မာပြည်သူများသည် ယခုလိုများစွာခက်ခဲနေသည့်အချိန်တွင် ကုလသမဂ္ဂအပေါ် ယုံကြည်နေဆဲဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ပြောသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းကြောင်းသို့ ပြန်လည် ရောက်ရှိရေးအတွက် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ရန် သံအမတ်ကြီးက ထပ်မံတောင်းဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်ရေးနှင့် တည်ငြိမ်မှုရရှိရေးနှင့် လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဟန့်အတားမရှိ ပံ့ပိုးပေးနိုင်ရေးတို့အတွက် စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အဆိုးဝါးဆုံးချိုးဖောက်နေမှုသည် အကူအညီလိုအပ်နေသူများအား အကူအညီပေးအပ်မှုကို တားဆီးမှုမပြုရန်ဟူသော ကုလသမဂ္ဂလုံခြုံရေး ကောင်စီအပါအဝင် ကုလသမဂ္ဂမှ တောင်းဆိုချက်ကို လက်မခံခြင်းဖြစ် ကြောင်းလည်း မြန်မာသံအမတ်ကြီးက အဖွဲ့ဝင်နိုင်ငံများကို အသိပေးသည်။

မြန်မာစစ်တပ်သည် ဆိုးဝါးသည့် နိုင်ငံတကာလူ့အခွင့် အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာဥပဒေများကို ချိုးဖောက်နေဆဲဖြစ်ပြီး ယခုရက်သတ္တပတ်တစ်ပတ်အတွင်းတွင်ပင် စစ်ကိုင်းတိုင်း၌​ လူငယ်ငါးဦးအပါအဝင် ပြည်သူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်မှု၊ ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ အစီရင်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။