Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံတကာအသိုက်အဝန်း၏ အချိန်မီထိရောက်သော အရေးယူဆောင်ရွက်မှုကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို

မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းကြောင်းသို့ ပြန်လည် ရောက်ရှိရေးအတွက် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ရန် သံအမတ်ကြီးက ထပ်မံတောင်းဆိုသည်။

စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ အချိန်မီထိရောက်သော အရေးယူဆောင် ရွက်မှုမရှိပါက မြန်မာနိုင်ငံကို ကြီးမားသည့် ပဋိပက္ခသို့လုံး၀ကျရောက်စေရန်တွန်းပို့နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေး၌ ယင်းသို့တောင်းဆိုခြင်းဖြစ်ပြီး မြန်မာပြည်သူများသည် ယခုလိုများစွာခက်ခဲနေသည့်အချိန်တွင် ကုလသမဂ္ဂအပေါ် ယုံကြည်နေဆဲဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ပြောသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းကြောင်းသို့ ပြန်လည် ရောက်ရှိရေးအတွက် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ရန် သံအမတ်ကြီးက ထပ်မံတောင်းဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်ရေးနှင့် တည်ငြိမ်မှုရရှိရေးနှင့် လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဟန့်အတားမရှိ ပံ့ပိုးပေးနိုင်ရေးတို့အတွက် စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အဆိုးဝါးဆုံးချိုးဖောက်နေမှုသည် အကူအညီလိုအပ်နေသူများအား အကူအညီပေးအပ်မှုကို တားဆီးမှုမပြုရန်ဟူသော ကုလသမဂ္ဂလုံခြုံရေး ကောင်စီအပါအဝင် ကုလသမဂ္ဂမှ တောင်းဆိုချက်ကို လက်မခံခြင်းဖြစ် ကြောင်းလည်း မြန်မာသံအမတ်ကြီးက အဖွဲ့ဝင်နိုင်ငံများကို အသိပေးသည်။

မြန်မာစစ်တပ်သည် ဆိုးဝါးသည့် နိုင်ငံတကာလူ့အခွင့် အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာဥပဒေများကို ချိုးဖောက်နေဆဲဖြစ်ပြီး ယခုရက်သတ္တပတ်တစ်ပတ်အတွင်းတွင်ပင် စစ်ကိုင်းတိုင်း၌​ လူငယ်ငါးဦးအပါအဝင် ပြည်သူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်မှု၊ ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ အစီရင်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။