Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ထံ​ရေပို့​​သည့်​ရေစက်ကို PRAမီးရှို့ဖျက်ဆီး

မကွေးတိုင်း မြိုင်မြို့နယ်တွင်စစ်ကောင်စီတပ်ထံရေပို့နေသည့်ရေစက်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူတော်လှန်ရေး တပ်မတော်(PRA)က သတင်း ထုတ်ပြန်သည်။

မြိုင်မြို့နယ် အတွင်းရှိအာဏာသိမ်းစစ်ကောင်စီတပ် သား ၄၀ခန့်နှင့်၎င်းတို့၏မိသားစုဝင်များနေထိုင်နေသော စက်မှု(၂)သို့ ရေပို့နေသည့် ရေစက်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ (၁၆) ကယ​နေ့အသိပေးသည်။ လက်တလောရရှိထားသော သတင်းများအရ ရေပြတ်လပ်နေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒုက္ခရောက်နေသည်ဟုလည်း ​ဖော်ပြထားသည်။

ထိုအပြင် ဒီဇင်ဘာလ ၁၀ ရက်ကလည်း မကွေးတိုင်း၊ မြို့သစ်မြို့နယ် စည်ပင်ရုံးကို ဗုံးဖြင့် နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။အဆိုပါတိုက်ခိုက်မှုကိုတော်လှန်ရေးရည်ရွယ်ချက်ခြင်း ထပ်တူကျသော MDA – နဂါးတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် MDA -နဂါးတပ်ဖွဲ့ (မကွေး) နှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook