Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ စစ်ရေးရည်မှန်းချက် ထက်ဝက်ကျော် အောင်မြင်ထားပြီးပြီလို့ အစ္စရေးဝန်ကြီးချုပ်ပြော

အီရန်မှာ အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေဟာ ခရီးလမ်း တစ်ဝက်ကျော်ထိ အောင်မြင် ရောက်ရှိပြီးပြီလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

အီရန်မှာ အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေဟာ ခရီးလမ်း တစ်ဝက်ကျော်ထိ အောင်မြင် ရောက်ရှိပြီးပြီလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့တုန်းက အမေရိကန် သတင်းဌာန Newsmaxနဲ့ အင်တာဗျူးခဲ့ရာမှာ နေတန်ညာဟုက အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး သဘောထား အမြင်တချို့ကို ထုတ်ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စတင် တိုက်ခိုက်ခဲ့တာပါ။

စစ်ဆင်ရေး ရည်မှန်းချက်တွေရဲ့ တစ်ဝက်စာလောက် အတိုင်းအတာကို ကျော်လွန် ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း နေတန်ညာဟုက ပြောပါတယ်။ ဒါပေမဲ့ ထက်ဝက်ကျော် အောင်မြင် ပြီးစီးပြီ ဆိုတာက မစ်ရှင်ရည်မှန်းချက်တွေကိုသာ ဆိုလိုပြီး စစ်ပွဲကာလကို ဆိုလိုတာ မဟုတ်ကြောင်းလည်း သူက ရှင်းလင်းခဲ့ပါတယ်။

အီရန်မှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေ ဘယ်အချိန်ကျမှ အပြီးသတ်မလဲဆိုတဲ့ အချိန်ကာလ တစ်ခုခု စဉ်းစားထားတာ မရှိဘူးလို့ နေတန်ညာဟုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အီရန်မှာတော့ အစ္စရေးဟာ ရန်သူတော် အစ္စလာမ်မာစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ခေါင်းဆောင်တွေနဲ့ တပ်အင်အား ထောင်နဲ့ချီထိ ရှင်းလင်း သုတ်သင်တာ၊ အီရန်ရဲ့ ဒုံးကျည်နဲ့ တခြားလက်နက်တွေ ထုတ်လုပ်နိုင်စွမ်းကို လုံးဝနီးပါး ဦးချိုး ဖျက်ဆီးတာမျိုး စစ်ရေး ရည်မှန်းချက်တွေကို အမေရိကန်နဲ့ လက်တွဲပြီး လုပ်ဆောင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အီရန်ကို စတင်တိုက်ခိုက်ခဲ့တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲဟာ သီတင်း ၄ ပတ်ကနေ ၆ ပတ်ထိ ကြာမြင့်နိုင်ကြောင်း ပြောခဲ့ဖူးပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက စစ်ပွဲဟာ နောက်ထပ် လနဲ့ချီ ကြာမှာမဟုတ်ဘဲ သီတင်းပတ် တချို့လောက်သာ ကြာမယ်လို့ ပြောပါတယ်။ အခုဆိုရင် စစ်ပွဲကာလဟာ တစ်လကျော်လွန်လာပြီ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းရေးအတွက် အီရန်နဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ပြောဆိုထားပေမယ့် အီရန်ကတော့ နှစ်နိုင်ငံကြား တိုက်ရိုက် ညှိနှိုင်းမှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါ့အပြင် ကြားလူကနေတဆင့် ပေးပို့တဲ့ အမေရိကန်ရဲ့ တောင်းဆိုမှုတွေကလည်း လက်တွေ့မကျဘူးလို့ အီရန်က ဝေဖန်ထားပါတယ်။

ထရမ့်က အီရန်အနေနဲ့ သဘောတူညီမှု တစ်ခုခု ရရှိဖို့ မကြိုးစားဘူးဆိုရင် နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ အပြင်းအထန် ချေမှုန်းတာကို ခံရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အစောပိုင်းမှာ ထရမ့်က အီရန်ကို မြေပြင်တပ်တွေ ဝင်ရောက်စရာ မလိုဘဲ အမေရိကန်ရဲ့ စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်နိုင်တယ်လို့ ပြောကြားထားပေမယ့် အခုရက်ပိုင်းမှာတော့ အမေရိကန်ဟာ မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့လာခဲ့ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။