Connect with us

Hi, what are you looking for?

News

ရွာမ​ကွေ့က စစ်ကောင်စီထောက်တိုင် မြတ်မေတ္တာမွန်ဆီဆိုင် STA မီးရှို့ဖျက်ဆီး

စစ်ကောင်စီထောက်တိုင်အား ဖျက်ဆီးမှုတွင် ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဆိုင်ရှိ ဝန်ထမ်းများလည်း ထိခိုက်မှုမရှိခဲ့ကြောင်းSTA က အသိပေးသည်။

လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ကြား ရွာမ​ကျောင်းလမ်း​ကွေ့အနီးရှိ စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်သော မြတ်မေတ္တာမွန်ဆီဆိုင်အား မီးရှို့ဖျက်ဆီးခဲ့​ကြောင်း Special Task Agency of Burma (STA)က ယ​နေ့ ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၁၂ ရက်) နံနက် ၄နာရီခန့်က မြတ်မေတ္တာမွန်ဆီဆိုင်ရှိ ဝန်ထမ်းများကို ​ဘေးလွတ်ရာသို့​ပြောင်း​ရွှေ့​စေပြီး​နောက် ဆိုင်ကို မီးရှို့ဖျက်ဆီးပြီး ဆီပန့်များကို သေနတ် ခုနှစ်ချက်ပစ်ဖောက်ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း STA က ဆိုသည်။

စစ်ကောင်စီထောက်တိုင်အား ဖျက်ဆီးမှုတွင် ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဆိုင်ရှိ ဝန်ထမ်းများလည်း ထိခိုက်မှုမရှိခဲ့ကြောင်းSTA က အသိပေးသည်။

ထို့အပြင် STA သည် စစ်ကောင်စီထောက်တိုင်များကို ဆက်လက်ဖြိုခွင်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြတ်​မေတ္တာမွန် ဆီဆိုင်ပိုင်ရှင် ​ဒေါက်တာဝင်းမြင့်သည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း​ရောင်းချဖြန့်ဖြူး​ရေးအသင်း ဥက္ကဌဖြစ်ပြီး အကြမ်းဖက်စစ်​ကောင်စီအတွက် လိုအပ်​သောဆီများ ဖြည့်တင်းပေး​နေသူလည်း ဖြစ်သည်။1m

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook