Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်း စစ်တပ်ဗုံးကြဲ၊ ထိခိုက်မှုများဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဆည်အင်းကျေးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားလို့ သံဃာတော်ချို့အပါအဝင်စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရရှိပါတယ်။

‌ဧပြီ−၆၊၂၀၂၆။ဇော်ရမ်း၊ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဆည်အင်းကျေးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားလို့ သံဃာတော်ချို့အပါအဝင်စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ဧပြီ ၆ရက် မနက် ၁၁နာရီကျော်မှာ ဗုံးကြဲတာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူတွေနဲ့ ထိခိုက်သူတွေကို သယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘုန်းကြီးကိုပါ ထိသွားတယ်။ အထိအခိုက်များတယ်လို့ပဲ ပြောနိုင်သေးတယ်။ ဒါက တောကျောင်းလို့ ခေါ်တဲ့ စစ်ဘေးရှောင်တွေနေတဲ့နေရာဖြစ်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေကိုစာသင်ပေးတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ကလေးငယ်တွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က အသိပေးပါတယ်။

“ပေါင်ပြတ် တစ်ယောက်။ ဘုန်းကြီးက ဇက်ပြတ်ထွက်သွားတာ။ မီးလောင်ဗုံးတွေရောကျဲ
စက်လက်နဲ့ပါစွဲတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးငယ်တွေထိခိုက်တဲ့ အရေအတွက်ကို အတည်ပြုဖို့ကြိုးစားနေပြီး လက်တလော မသိရသေးပါဘူး။

စစ်တပ်က ၎င်းတို့စိတ်တိုင်းကျ ပုံဖော်ထားတဲ့လွှတ်တော်ကတဆင့် သမ္မတနေရာရွေးချယ်တာတွေ၊အစိုးရအဖွဲ့ဖွဲ့စည်းတာတွေ လုပ်ဆောင်နေချိန်မှာ နေပြည်တော်နဲ့ရန်ကုန်ကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေတွေ လေကြောင်းကနေတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။

မတ်လ ၂၀ရက်က ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့လေးထပ်ကျောင်းကို ဗုံးကြဲလို့သံဃာတော်အချို့နဲ့အရပ်သား ၈၀ဦးခန့်အထိ သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။