Connect with us

Hi, what are you looking for?

သတင်း

ကား​မှောက်ပြီး ဒဏ်ရာရသူ​တွေတင်လာတဲ့လူနာတင်ကားကို စစ်တပ်က ဒုဌဝတီမြစ်ကူးတံတားဖြတ်သန်းခွင့်မ​ပေး

သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဒီနေ့ (ဧပြီလ၁၆ရက်)နေ့လယ်ပိုင်းက ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ထိခိုက်သူတွေကို ဆေးရုံပို့ဖို့ ဒုဌဝတီမြစ်ကူးတံတားဖြတ်တဲ့ လူနာတင်ကားကိုစစ်တပ်ကတားဆီးခဲ့လို့ ဒဏ်ရာရသူတွေ အချိန်မီ​ဆေးကုသခွင့်မရခဲ့ဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

(ယာဥ်တိုက်မှုဖြစ်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ဧပြီ-၁၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဒီနေ့ (ဧပြီလ၁၆ရက်)နေ့လယ်ပိုင်းက ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ထိခိုက်သူတွေကို ဆေးရုံပို့ဖို့ ဒုဌဝတီမြစ်ကူးတံတားဖြတ်တဲ့ လူနာတင်ကားကိုစစ်တပ်ကတားဆီးခဲ့လို့ ဒဏ်ရာရသူတွေ အချိန်မီ​ဆေးကုသခွင့်မရခဲ့ဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

လားရှိုး-သီပေါကြားက ဒုဌဝတီမြစ်ကူး တံတားကိုကိုးကန့်တပ် MNDAAနဲ့စစ်​ကောင်စီတပ်တို့က တစ်ဖက်စီထိန်းချုပ်ထားတာဖြစ်ပြီး ဒီနေ့ဖြစ်ပွားတဲ့ကားတိမ်းမှောက်မှုမှာ လူနာတွေတင်လာတဲ့ကားကို စစ်ကောင်စီကဖြတ်သန်းခွင့်မပေးဘဲတားဆီးခဲ့တာဖြစ်ပါတယ်။

” ကိုးကန့်တပ်ဖက်က ဖွင့်ပေးတယ်။ စစ်တပ်က ဖြတ်ခွင့် မပေးလို့လှည့်ပြန်ရတယ်။အမျိုးသမီးလူနာတစ်ဦးသေဆုံးတယ်။ဒဏ်ရာရတာတွေများတယ်”လို့ သီပေါမြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံတဦး က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူဆယ်ဦးထက်မနည်းတင်ဆောင်လာတဲ့ကားတစ်စီးဟာ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ပြည်ထောင်စုလမ်းမပေါ်က ဆွတ်လန်းရွာအနီးမှာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ သိပေါမြို့ထဲကဆေးရုံကိုပို့ဖို့အတွက် ဒုဌဝတီမြစ်ကူးတံတားကိုဖြတ်ဖို့လိုပါတယ်။

“တံတားကိုဖြတ်မရတော့ လူနာတွေကိုလုံလောက်တဲ့ကုသဖို့အချိန်မရခဲ့ဘူး။လားရှိုးဘက်ကိုပြန်ဖို့ကဝေးကြီးပဲ။ကားကနောက်ကြောင်းပြန်လှည့်သွားတာတွေ့တယ်”လို့ သီပေါမြို့ခံကပြောပါတယ်။

သီပေါမြို့ဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကျောက်မဲနဲ့ လားရှိုးမြို့ကြားမှာရှိပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းတပ်(TNLA)ကသိမ်းယူခဲ့တဲ့ မြို့တွေထဲမှာ သီပေါမြို့ပါခဲ့ပါတယ်။ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ မြို့ပေါ်ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး ဒုဌဝတီတံတားဟိုဘက်ခြမ်းက ပြည်ထောင်စုလမ်းပိုင်းကို MNDAAက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ခုနှစ်နိုဝင်ဘာလမှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေးတင်းမာပြီးတဲ့နောက်ပိုင်း တံတားကို နှစ်ဖက်စလုံးကပိတ်ခဲ့တာပါ။ သင်္ကြန်ကာလမှာ ဆိုင်ကယ်နဲ့ကားအသေးတွေကိုဖြတ်သန်းခွင့် ယာယီပြုထားပါတယ်။ ဒီနေ့ ကားတိမ်းမှောက်မှုမှာ လူနာတင်ကားဖြတ်သန်းခွင့်မပြုခဲ့တဲ့အပေါ် ဒေသခံတွေက စစ်တပ်ကိုပြစ်တင်ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။