Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးဗုံးကြဲမှု သံဃာတော်သုံးပါးနဲ့စစ်‌ရှောင် ၁၀ဦးဒဏ်ရာရ

မြောက်ဦးမြို့နယ်၊ ​ကျောက်ဆည်ပြင်ရွာ ဘုန်းကြီး​ကျောင်းကို စစ်တပ်က ဒီက​နေ့ တိုက်​လေယာဥ်နဲ့ဗုံးကြဲတာ​ကြောင့် သံဃာတော်သုံးပါးနဲ့ စစ်‌ရှောင် ၁၀ဦးဒဏ်ရာရခဲ့ပါတယ်။

ဧပြီ-၁၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

မြောက်ဦးမြို့နယ်၊ ​ကျောက်ဆည်ပြင်ရွာ ဘုန်းကြီး​ကျောင်းကို စစ်တပ်က ဒီက​နေ့ တိုက်​လေယာဥ်နဲ့ဗုံးကြဲတာ​ကြောင့် သံဃာတော်သုံးပါးနဲ့ စစ်‌ရှောင် ၁၀ဦးဒဏ်ရာရခဲ့ပါတယ်။

ဧပြီလ ၁၉ရက် မနက် ၁၀နာရီခန့်နဲ့ နေ့လယ် ၁၂နာရီ ၃၀ မိနစ်ခန့်မှာကျောက်ဆည်ပြင်ရွာ ဘုန်းကြီး​ကျောင်းကိုစစ်တပ်ကဂျက်ဖိုက်တာ နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး လေးလုံးကြဲခဲ့တာပါ။

ရဟန်းပြည်သူစုစုပေါင်း ၁၃ဦးဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့သိမ် အဆောက်အအုံလုံးဝပျက်စီးသွားသလို နွားငါးကောင်လည်းသေဆုံးခဲ့တယ်လို့စုံစမ်းသိရပါတယ်။သံဃာတော်သုံးပါး၊အမျိုးသမီးရှစ်ဦး၊ အမျိုးသားနှစ်ဦးဒဏ်ရာရခဲ့တာဖြစ်ပြီး ၎င်းတို့ထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်းရှိနေတယ်လို့ စစ်​ဘေး​ရှောင်​တွေကိုကူညီ​နေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာဧပြီလ ၁၉ရက် နေ့လယ်ပိုင်းမှာ မြောက်ဦးမြို့နယ်အပြင် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဓာတ်အားခွဲရုံ၊ နတလကျောင်းအနီးကိုလည်း ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံးကြဲခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုမှာလည်း နေအိမ်ဆယ်လုံးထက်မနည်းမီးလောင်သွားတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးသတင်းနှင့်ပြန်ကြားရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို စစ်ရေးရည်မှန်းချက်ပြည့်ဝတဲ့အထိ တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၀ရက်နေ့ကျရောက်တဲ့ ၁၇နှစ်မြောက်အာရက္ခတပ်တော်နေ့မှာ ထုတ်ဖော်ပြောကြားထားပါတယ်။ စစ်ကောင်စီကအရပ်သားပြည်သူတွေကိုဦးတည်ပြီးတော့ပစ်ခတ်နိုင်လို့ စစ်ရေးနဲ့လုံခြုံရေးအန္တရာယ်သတိပြုကြဖို့ AAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

Facebook