Connect with us

Hi, what are you looking for?

News

မြစ်​ခြေတွင် စစ်​ကောင်စီတပ်ယာဥ်တန်းမိုင်းဆွဲ ၇ ဦးခန့်​သေဆုံးနိုင်ဟုာပခုက္ကူPDFထုတ်ပြန်

အဆိုပါ တိုက်ခိုက်မှုအား PPDF နှင့် မြစ်​ချေး၊ကွန်းချောင်း ကာကွယ်​ရေးအဖွဲ့ MC- KC DF တို့က ပူးပေါင်းမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မ​ကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ တန့်ကြည်တောင်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးခန့်သေဆုံးနိုင်​ကြောင်းပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်နေ့ )နံနက် ၈နာရီ ဝန်းကျင်က ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့၊တန့်ကြည်တောင် -ယောလမ်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ် အင်အား ၃၀ ခန့်ပါသောယာဥ်တန်းမှ ကား (၂)စီး အားမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ် (၂) ၁စီးမှာပျက်စီး ပြီး ၁စီးမှာစုတ်ပြတ်ခဲ့ကာ (၇)ဦးခန့် သေဆုံး၍ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ခန့်မှန်းရ​ကြောင်းထုတ်ပြန်ထားသည်။ အသေးစိတ်မြေပြင်အခြေအနေကို စုံစမ်း​နေဆဲဖြစ်ကြောင်းလည်းပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုအား PPDF နှင့် မြစ်​ချေး၊ကွန်းချောင်း ကာကွယ်​ရေးအဖွဲ့ MC- KC DF တို့က ပူးပေါင်းမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

သီတင်းကျွတ်ကာလမှာ စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။