Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ပြီး အကြီးအကျယ် အရှုံးပေါ်နေတဲ့ လေဆိပ်ကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ ကြိုးစားနေ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

မက်တယ်လာ ရာဂျာပက်ခ်ဆာ လေဆိပ်မှာ ပုံမှန် ပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်တွေ မရှိသလို ၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီးချိန် ကတည်းက ဆိုးဆိုးရွားရွား အရှုံးပြနေခဲ့ပါတယ်။ လေယာဉ်ငယ် အနည်းအကျဉ်းလောက်သာ အဆင်းအတက် လုပ်လေ့ရှိတဲ့ လေဆိပ်ရဲ့ လစဉ်ဝင်ငွေဟာ မီတာဖိုး ကုန်ကျစရိတ်ကိုတောင် မကာမိဘူးလို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဧပြီ ၂၆ ရက်နေ့မှာတော့ သီရိလင်္ကာ အစိုးရက နိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ လေဆိပ်အတွက် ရင်းနှီးမြှုပ်နှံသူ အသစ်တွေကို ဖိတ်ခေါ်ပြီး လေဆိပ်ကို ရောင်းချသွားဖို့ အစီအစဉ်ရှိကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက အစိုးရဟာ အင်ဒိုနီးရှား-ရုရှား ဖက်စပ် လုပ်ငန်းတစ်ခုဆီ မက်တယ်လာ ရာဂျာပက်ခ်ဆာ လေဆိပ်ကို နှစ်ပေါင်း ၃၀ အငှား လုပ်ကိုင်ခွင့် ပေးမယ်လို့ ကြေညာခဲ့ပြီး အဲဒီ အစီအစဉ်ဟာ လက်တွေ့မှာတော့ အထမမြောက်ခဲ့ပါဘူး။

အဲဒီ လေဆိပ်ဟာ သဘာဝ ဘေးမဲ့သစ်တော ဧရိယာ တစ်ခုနားမှာ တည်ရှိပြီး သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ခ်ဆာကို အစွဲပြုပြီး နာမည်မှည့်ထားပါတယ်။ ရာဂျာပက်ခ်ဆာဟာ တရုတ်ဆီက အတိုးများများနဲ့ ချေးငွေတွေ တနင့်တပိုး ရယူပြီး မအောင်မြင်တဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့သူအဖြစ် နာမည်ဆိုး တွင်ကျန်ခဲ့သူပါ။ ၂၀၂၂ ခုနှစ်မှာ သီရိလင်္ကာဟာ အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံဖိုး နိုင်ငံခြား ကြွေးမြီတွေကို ပြန်မဆပ်နိုင်တော့ကြောင်း တရားဝင် ကြေညာခဲ့ရဖူးပြီး အဲဒီပြဿနာမှာ တရုတ်ကြွေးပူဟာ ကြီးမားတဲ့ အစိတ်အပိုင်းကနေ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မက်တယ်လာ ရာဂျာပက်ခ်ဆာ လေဆိပ်ကတော့ တရုတ်ချေးငွေနဲ့ တည်ဆောက်ပြီး ဝက်ဝက်ကွဲ အရှုံးပေါ်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ သရဖူဆောင်းတဲ့ အဆင့်လို့ အငေါ်တူး ခံရလေ့ ရှိပါတယ်။ လေဆိပ်ရဲ့ တည်နေရာဟာ ငှက်အုပ်တွေ ရာသီအလိုက် ရွှေ့ပြောင်း ပျံသန်းလေ့ရှိတဲ့ လမ်းကြောင်း တည့်တည့်ပေါ်မှာ ရှိနေပြီး ငှက်အုပ်နဲ့ လေယာဉ် တိုက်မိတာတွေ ခဏခဏ ဖြစ်ခဲ့ပါတယ်။

ပြီးတော့ လေယာဉ်တွေ ဘေးကင်းကင်း အတက်အဆင်း လုပ်နိုင်အောင်လို့ လေယာဉ် ပြေးလမ်းပေါ်က ကျွဲတွေ၊ သမင်တွေနဲ့ ဆင်ရိုင်းတွေကို ခြောက်လှန့် မောင်းထုတ်နိုင်အောင် သီရိလင်္ကာ စစ်သား ရာဂဏန်းလောက်ကိုလည်း ဖြန့်ကျက်ထားရပါသေးတယ်။

အခုတော့ မက်တယ်လာ ရာဂျာပက်ခ်ဆာဟာ မြို့တော် ကိုလံဘိုမှာ ရှိနေတဲ့ နိုင်ငံတကာ လေဆိပ်မှာ ရာသီဥတုနဲ့ တခြား အရေးပေါ် အခြေအနေတွေ ကြုံလာရင် လမ်းကြောင်းပြောင်း ဆင်းသက်မယ့် အရန်လေဆိပ် အဆင့်လောက်သာ သတ်မှတ် ခံရပါတယ်။ အဲဒီလေဆိပ်ကို စင်းလုံးငှား လေယာဉ်တချို့နဲ့ ကုန်တင်လေယာဉ်တချို့ ဆင်းသက်လေ့ ရှိပေမယ့် လေဆိပ်တစ်ခုလုံး ကုန်ကျစရိတ်ရဲ့ အဖျားအနားလောက်သာ ဝင်ငွေ ရရှိပါတယ်။

သီရိလင်္ကာဟာ မက်တယ်လာ မြို့နားမှာရှိတဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းအတွက် ရယူထားတဲ့ တရုတ် ချေးငွေတွေကို ပြန်မဆပ်နိုင်လို့ ၂၀၁၇ တုန်းက တရုတ်ပိုင် ဆိပ်ကမ်းလုပ်ငန်း တစ်ခုဆီ ထိုးအပ်ခဲ့ပါတယ်။ တရုတ်ဟာ အဲဒီဆိပ်ကမ်းကို ၉၉ နှစ်ကြာ ငှားရမ်းလုပ်ကိုင်ခွင့် ရသွားခဲ့ပြီး ဒီအခြေအနေက တရုတ်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေအပေါ် ဩဇာလွှမ်းမိုးဖို့ အတိုးများများနဲ့ ငွေချေးပြီး ကြွေးမြီထောင်ချောက်တွေ ဆင်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပိုမို မြင့်တက်လာစေခဲ့ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP/File

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။