Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် – ကာမိုင်းလမ်းပိုင်းမှာ အရပ်သားကားကိုစစ်တပ်က ထပ်မံပစ်ခတ်လို့ ၃ဦး ဒဏ်ရာရ

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် – ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ-၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် – ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသက တံတားညီနောင်ဂိတ်နဲ့ ပျားအုံကျေးရွာကြားမှာ မနေ့ကမေလ၂ရက် နေ့လည်ပိုင်းမှာ အရပ်သားကားတစ်စီး ပစ်ခတ်ခံရတာဖြစ်ပါတယ်။

“အဲဒီနေရာမှာ လောလောဆယ်တိုက်ပွဲဖြစ်မနေဘူး။ စစ်တပ်စစ်ကြောင်းတွေက လမ်းနဲ့အနီးဆုံးမှာရှိနေတယ်။ ပစ်တာကလည်းစစ်တပ်ဘက်ကလှမ်းပစ်ဖြစ်တာ။ ဗုံးသီးနဲ့ ပစ်တာ။ ဒါကိုဒေသခံတွေကောင်းကောင်းသိတယ်”လို့ အဲဒီလမ်းပိုင်းကိုဖြတ်သန်းခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်မှာ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေကြရပါတယ်။

စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီ ၂၂ရက်ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက သတင်းထုတ် ပြန်ထားပါတယ်။

ယခုဖြစ်စဉ်ဟာ ကာမိုင်း-ဖားကန့်လမ်းပိုင်းမှာ အရပ်သားကားထိခိုက်မှု နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။

ဧပြီ၂၄ရက်ကလည်း ဖားကန့်- ကာမိုင်းလမ်းပိုင်းမှာ ခရီးသွားကားတစီးကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဖားကန့်ဒေသမှာ ဧပြီလ၂ရက်ကစတင်ပြီး တိုက်ပွဲတွေဖြစ်တာပါ။

လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်ကထိန်းချုပ်ထားပြီး အဲ့ဒီနေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို မြေပြင်စစ်ကြောင်းတွေက အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ လုယက်တာတွေ လုပ်နေပါတယ်။

လုံးခင်းကျေးရွာအုပ်စုမှာ လတ်တလောစစ်ရေးအခြေအနေအရ လုံခြုံရေးစိတ်မချရတဲ့အတွက် လူမှုကယ်ဆယ်ရေးအသင်း‌အချို့က သွေး၊အောက်စီဂျင်နဲ့ အရေးပေါ်ကူညီမှုလမ်းကြောင်းတွေ ယာယီရပ်နားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook