Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဇီဝလောင်စာ သုံးစွဲမှု အရှိန်မြှင့်တင်ဖို့ မလေးရှား ကြိုးစား

နိုင်ငံတကာ ရေနံ အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်မှာ မလေးရှားဟာ ဇီဝလောင်စာကို ပိုမို မှီခိုနိုင်ဖို့ ကြိုးစားလာနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံတကာ ရေနံ အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်မှာ မလေးရှားဟာ ဇီဝလောင်စာကို ပိုမို မှီခိုနိုင်ဖို့ ကြိုးစားလာနေကြောင်း သိရပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ ဆီအုန်းစိုက်ခင်း အများအပြား ရှိနေပြီး အဲဒီကနေ ဇီဝလောင်စာ ထုတ်လုပ် သုံးစွဲရေးကို အရှိန်မြှင့်ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

အီရန်စစ်ပွဲကို အကြောင်းပြုပြီး လက်ရှိ ကမ္ဘာ့စွမ်းအင် စျေးကွက် အခြေအနေက အရမ်းထိလွယ်ရှလွယ် ဖြစ်နေချိန်မှာ မလေးရှားက ဇီဝလောင်စာကို ထိရောက်တဲ့ အစားထိုး ရွေးချယ်မှုအဖြစ် မဟာဗျူဟာမြောက် မြှင့်တင် သုံးစွဲနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

မလေးရှား အစိုးရဟာ နိုင်ငံသားတွေ လောင်စာဆီကို စျေးသက်သက်သာသာ ဝယ်ယူနိုင်ရေးအတွက် တစ်လကို ဒေါ်လာ ၁.၈ ဘီလီယံလောက် ထောက်ပံ့ သုံးစွဲပေးနေပါတယ်။ ရေနံစျေးတွေနဲ့ လောင်စာဆီ စျေးနှုန်းတွေ အရမ်းမြင့်တက်လာတဲ့ ကာလမှာတော့ အစိုးရ အနေနဲ့လည်း ရေရှည် ယုံကြည် အားကိုးလို့ ရနိုင်မယ့် လောင်စာဆီ ရင်းမြစ်တွေ ဖော်ထုတ်ရေးကို စဉ်းစားလာရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဇီဝလောင်စာဆီကို ဆီအုန်း၊ ပြောင်း၊ ကြံ၊ ပဲပိစပ်စတဲ့ သီးနှံတွေကနေ ထုတ်ယူလို့ ရပါတယ်။ ဒီဇယ် အစားထိုး အသုံးပြုလို့ရတဲ့ ဇီဝလောင်စာတွေဟာ လက်ရှိ စွမ်းအင် အကျပ်အတည်း ကာလအတွင်း မလေးရှားမှာ ပိုပြီး အသုံးတွင်ကျယ်လာနေတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ မလေးရှားဟာ B10အဆင့် ဇီဝလောင်စာ အရောအနှောဟာ မော်တော်ယာဉ်တွေအတွက် သုံးစွဲဖို့ သင့်တော်ကြောင်း သတ်မှတ်ပေးထားပါတယ်။ B10အဆင့် ဆိုတာက ဇီဝလောင်စာ ၁၀ ရာခိုင်နှုန်းနဲ့ ဒီဇယ် ၉၀ ရာခိုင်နှုန်း ရောပြီး သုံးစွဲတာကို ဆိုလိုတာပါ။ အစိုးရကတော့ ဇီဝလောင်စာ ရောနှောမှု အချိုးအစားကို ၁၅၊ ၂၀၊ ၃၀ စတဲ့ အချိုးအစားတွေထိ ဖြည်းဖြည်းချင်း မြှင့်တင်သွားနိုင်အောင် ထုတ်လုပ်မှု ပမာဏကို ချဲ့ထွင်ဖို့ တွန်းအားပေးထားပါတယ်။ ဒါပေမဲ့ အဲဒီလို ရည်မှန်းချက်တွေ အောင်မြင်လာဖို့ကတော့ အချိန်ယူရမှာ ဖြစ်ပါတယ်။

မလေးရှားမှာ ဇီဝလောင်စာ ထုတ်လုပ်တဲ့ ဇုန်နေရာ ၃၄ ခုရှိပြီး အစိုးရ အနေနဲ့ အရေအတွက် ထပ်တိုးနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ကျွမ်းကျင်သူတွေကတော့ B30 (ဇီဝလောင်စာ ၃၀ ရာခိုင်နှုန်း ရောစပ်ထားတဲ့) လောင်စာဆီတွေ အသုံးပြုနိုင်ဖို့ ဆိုရင် အဲဒီ နေရာတွေကို ၂ နှစ်လောက် အချိန်ယူ မွမ်းမံ အဆင့်မြှင့်ဖို့လိုကြောင်း မှတ်ချက်ပေးထားပါတယ်။ အဲဒီအတွက် အခြေခံ အဆောက်အအုံ အဆင့်မြှင့်တင်မှု ကုန်ကျစရိတ်တွေက ဒေါ်လာ သန်း ၁၅၀ ကျော်လောက်ထိ ကျသင့်နိုင်ခြေ ရှိနေပါတယ်။

ပေါပေါများများ အသုံးပြုနိုင်မယ်ဆိုရင် ဇီဝလောင်စာဟာ သာမန်ဒီဇယ်ထက် စရိတ်သက်သာရုံ၊ စွမ်းအင်ဖူလုံရေးကို အထောက်အပံ့ ဖြစ်စေရုံသာ မကဘဲ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ညစ်နွမ်းမှုကို လျှော့ချနိုင်တဲ့ ကောင်းကျိုးမျိုးကိုပါ ပိုင်ဆိုင်ထားပါတယ်။ သမားရိုးကျ ဒီဇယ်နဲ့ယှဉ်ရင် ဇီဝလောင်စာက ထုတ်လုပ်တဲ့ ညစ်ညမ်းဓာတ်ငွေ့ အချိုးအစားဟာ ၈၀ ရာခိုင်နှုန်းလောက် ပိုနည်းကြောင် သိရှိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာ​ကြောင်းရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကိုမလေးရှားက မြန်မာနိုင်ငံဆီ ပြန်ပို့နေတာနဲ့ ပတ်သက်လို့စိုးရိမ်ကြောင်းကုလသမဂ္ဂ (UN)ကပြောကြားပါတယ်။

သတင်း

ကြိုတင်ကြေညာထားတဲ့အတိုင်းရွှေ့ပြောင်းဒုက္ခသည်ဦးရေ ၁,၅၀၀ လောက်ကိုမြန်မာဆီပြန်ပို့တဲ့အစီအစဉ်ကို မလေးရှားက ဒီနေ့ (စက်တင်ဘာ ၂၉ ရက်) မှာ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Facebook