Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့လာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်အပါအဝင် ၇ဦးထက်မနည်းသေဆုံးဟု CDF-CDM စီးယင်းစစ်ဦးစီးချုပ်ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးတယ်လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးကို ပြောပါတယ်။

(တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ စစ်တပ်က ဗိုလ်ကြီးဇင်မျိုးထက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

မေ -၇၊၂၀၂၆။မိုမို/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးတယ်လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(မေလ ၆ရက်)မှာ ဖလမ်းမြို့အုပ်ချုပ်ရေးယန္တရားတွေပြန်စဖို့ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ နိုင်ငံ့ဝန်ထမ်းတွေခေါ်ပြီး စစ်ယာဥ်တန်းနဲ့ တက်လာတဲ့အပေါ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ဖလမ်းကို အစိုးရဝန်ထမ်းတွေလိုက်ပို့တဲ့ စစ်တပ်ယာဥ်တန်းကို ခြုံခိုတိုက်ခိုက်တာ ဖြစ်တယ်။ပြည်သူလိုပြောရမလား။အစိုးရဝန်ထမ်းလို့ ပြောရမလား။တကယ်တမ်းတော့သူတို့ကလည်း ကျွန်တော်တို့ရန်သူပဲ။ကျွန်တော်ကတော့ အဲဒါကို မထိခိုက်အောင် နောက်ဆုံးမှလာတဲ့စစ်တပ်ယာဥ်ကိုပဲ ပစ်ခိုင်းခဲ့တယ်”လို့ ကိုထောင်းပူက တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အပေါ် ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း တပ်မ(၇၇)က ဗိုလ်ကြီး၊ ဗိုလ်တစ်ဦးနဲ့ တပ်သားသုံးဦးရဲ့အလောင်းနဲ့ လက်နက် လေးလက်အပါအဝင် ဖောကားတစ်စီးသိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

“သူ့နောက်က ကားလည်းထိတယ်။ကားသမားကိုပဲမထိသွားတာ။အနည်းဆုံး ခုနှစ်ယောက် ရှစ်ယောက်သေတယ်”လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ်က ပြောပါတယ်။

အခု ၂၀၂၆ မတ်လကလည်း ဖလမ်းမြို့ကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်က ဗိုလ်မှူးကြီးဝင်းမောင်မောင်ဟာ ကလေးနဲ့ တီးတိန်မြို့နယ် လမ်းဆုံမှာ မိုင်းထိပြီးသေဆုံးခဲ့တယ်လို့ CDF-CDM စီးယင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။

ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ဧပြီက သိမ်းပိုက်ခဲ့ပြီး စစ်တပ်က ၂၀၂၅အောက်တိုဘာက တန်ပြန်ထိုးစစ်ဆင်လာကာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆုတ်ခွာခဲ့ရပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်က ချင်းပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပါ ထပ်မံထိုးစစ်ဆင်ဖို့အတွက် စစ်ကြောင်းတွေ စုဖွဲ့နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်ဒေသကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA)က ပလက်ဝမြို့ကိုထိန်း ချုပ်ထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးနဲ့ တီးတိန်မြို့တို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး ရိခေါ်ဒါရ် နဲ့ တွန်းဇံ မြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့က သိမ်းပိုက်ထားပါတယ်။ ထန်တလန်မြို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်ပြင်ဆင်တားဆီးပိတ်ဆို့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့(ဇွန်လ ၁၂ရက်)မှာ သတိပေးထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။