Connect with us

Hi, what are you looking for?

News

လေး​ကေ့ကော်တွင် KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲစတင်ဖြစ်ပွား

“ပစ်နေပါပြီ။ ခုကူပစ်ဖို့ ကျွန်တော်တို့ ထွက်နေပါပြီ”ဟု KNU တပ်မဟာ(၆)အတွင်းရောက်ရှိနေသည့် Cobra 3 အဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက် ခံတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ (ဒီဇင်ဘာ၁၅)နံနက်ကစ၍ လေးကေ့ကော်ဒေသ၌ တိုက်ပွဲစတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ယမန်နေ့ (ဒီဇင်ဘာ ၁၄ရက်) တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်သို့ ဝင်ရောက်စီးနင်းပြီး လွှတ်တော်အမတ်အပါအဝင် လေးကေ့ကော်ဒေသ၌ ခိုလှုံနေသူများကို ဖမ်းဆီးခဲ့ရာ ယနေ့နံနက်တွင် အဆိုပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲစတင်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒီဘက်မှာ စစ်ကောင်စီရဲ့ သူတို့ရဲ့ ယုတ်မာမှုနဲ့ သူတို့ရဲ့ လုပ်ရပ်အပေါ် ဘယ်သူမှ သည်းခံနိုင်မှာ မဟုတ်ဘူးဆိုတာ ဒါက ကျွန်တော်တို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အနေနဲ့ရော ကရင့်လက်နက်ကိုင် အခြားအဖွဲ့တွေရောက ဒီဟာကို ပြန်တုံ့ပြန်တာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်” ဟု KNU တပ်မဟာ(၅)မှ ပဒိုမန်းမန်းက ပြောသည်။

ယနေ့ နံနက် ၁၀နာရီခန့်ကစ၍ တိုက်ပွဲစတင်ခဲ့ပြီး KNLA နှင့်အတူ အခြား လက်နက်ကိုင်အဖွဲ့အချို့မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း၊ စစ်ရေးအရ အသေးစိတ်အခြေအနေများကို ပြော၍မရသေးကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ပစ်နေပါပြီ။ ခုကူပစ်ဖို့ ကျွန်တော်တို့ ထွက်နေပါပြီ”ဟု KNU တပ်မဟာ(၆)အတွင်းရောက်ရှိနေသည့် Cobra 3 အဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

လက်ရှိတွင် လေးကေ့ကော်အ​​ခြေအနေမှာ ရှုပ်ထွေးနေပြီး ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်ဘက်မှ ပြည်သူ ၁၀ ဦးထက်မနည်းအား လိုက်လံဖမ်းဆီးပြီးနောက် ပစ်ခတ်မှုများစတင်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းသိရသည်။

KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်တွင် ယာယီခုံလှိုလျှက်ရှိသော နွေဦးတော် လှန်ရေးနှင့် ဆက်စပ်သည့် နိုင်ငံရေးအရခိူလှုံသူများ၊ CDM ဝန်ထမ်းများအား ဘေးလွတ်ရာသို့ ရွှေ့ထားပြီးဖြစ်ကြောင်း ဒေသကာကွယ် ရေးတပ်ဖွဲ့များက ပြောသည်။

လေးကေ့ကော်မြို့သစ်သည် KNU အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြို့သစ်ထူထောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က အဆိုပါ မြို့သို့ဝင်ရောက် ၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် တိမ်းရှောင်နေရသူများကို ရှာဖွေ မှုများမကြာခဏပြုလုပ်ခဲ့ရာ ယနေ့တွင် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ​ကေ​ဆောဝါး

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။