Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဒီချုပ်အစိုးရလက်ထက်ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေ စစ်တပ်က တိုးမြှင့်ကောက်ခံနေ

မန္တလေးမြို့မှာ ဒီချုပ်ပါတီလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေကို စစ်တပ်က တိုးမြှင့်ကောက်ခံနေပြီး စက်ဘီးကအစ ယာဥ်ရပ်နားခပေးနေရလို့ မြို့ခံတွေ အဆင်မပြေဖြစ်နေကြပါတယ်။

(ယာဥ်ရပ်နားခ ကောက်ခံလေ့ရှိသည့် မန္တလေးဘူတာကြီးရှေ့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

မေ-၇၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ ဒီချုပ်ပါတီလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေကို စစ်တပ်က တိုးမြှင့်ကောက်ခံနေပြီး စက်ဘီးကအစ ယာဥ်ရပ်နားခပေးနေရလို့ မြို့ခံတွေ အဆင်မပြေဖြစ်နေကြပါတယ်။

ဒိချုပ်အစိုးရလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခကောက်ခံမှုကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ကောက်ခံခဲ့ရာမှာ ပြီးခဲ့တဲ့ ဧပြီကစပြီး မန္တလေးမြို့က အများပြည်သူဆိုင်ရာနေရာတွေမှာ ယာဉ်ရပ်နားခနှုန်းထားတွေကို ယခင်ကထက် နှစ်ဆကျော် တိုးမြှင့်ကောက်ခံလာကြောင်း၊ ဒါ့အပြင် ယခင်က အခမဲ့ရပ်နားခွင့်ရှိတဲ့ စက်ဘီးတွေကိုပါ ငွေကောက်ခံလာလို့ အဆင်မပြေဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

” အရင်က စက်ဘီးမပေးရဘူး။ အခုစက်ဘီးတွေပါ ပေးနေရပြီ။ ပြီးတော့ ယာဥ်တွေက စည်ပင်မှာ ဘီးလှိမ့်ခွန်ဆောင်ပြီးသားကို ထပ်ပေးရတာ။ ပြီးတော့ တစ်နေရာမှာပေးပြီးလို့ နောက်တစ်နေရာမှာ ထပ်ရပ်ရင်လည်း ထပ်တောင်းတာ။ နေရာမတူဘူးတဲ့။ တော်တော်အဆင်မပြေတာ”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးစည်ပင်ရဲ့ကောက်ခံမှုအရ ဆိုင်ကယ် ၄၀၀ ကျပ်၊ ကား ၁၀၀၀ ကျပ် ကောက်ခံနေပြီး ဒါ့အပြင် ယခင်က ကောက်ခံတာမရှိခဲ့တဲ့ စက်ဘီးတွေကိုပါ တစ်စီး ၂၀၀ကျပ်နဲ့ စတင်ကောက်ခံနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

အဲဒီလို ယာဥ်ရပ်နားခ ကောက်ခံမှုတွေကို ၂၀၁၉ ခုနှစ် ဒီချုပ်အစိုးရလက်ထက်က မန္တလေးမြို့အတွင်း အဓိကလမ်းမကြီးတွေမှာ ယာဉ်ရပ်နားခ ကောက်ခံခွင့်ပြုထားတဲ့ နေရာ ၇ခုကို မြို့နေပြည်သူလူထု သွားလာမှု အဆင်ပြေစေဖို့နဲ့ စိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် ဖျက်သိမ်းပေးခဲ့ဖူးပါတယ်။

မန္တလေးမြို့မှာ ယာဥ်ရပ်နားခတင်မကဘဲ စည်ပင်အခွန်အခတွေအများစုကို စစ်ကောင်စီက တိုးမြှင့် ကောက်ခံလိုက်တာဖြစ်ကြောင်း စည်ပင်ရဲ့ကြေညာချက်တွေအရ သိရပါတယ်။

စည်ပင်ရဲ့ ထုတ်ပြန်ချက်အရ ဧပြီကစတဲ့၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ နေအိမ်ပစ္စည်းခွန်၊ အမှိုက်ခွန်၊ မီးခွန်များသာမက ရေဖိုးရေခ၊ လမ်းဘေးဈေးသည်များရဲ့ ဈေးကောက်၊ ဆိုင်ခန်းလခနဲ့ ကား/ဆိုင်ကယ် ရပ်နားခအထိ ကဏ္ဍစုံမှာ အခွန်တိုးမြှင့်ဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့အဝင်ဂိတ်များမှာ ကောက်ခံတဲ့ လမ်းအသုံးပြုခတွေကိုပါ တိုးမြှင့်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။