Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၄)တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကာကင်းစခန်းတွေထပ်ဆောက်

ငဖဲမြို့နယ်ထဲကကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ(၁၄)ကိုရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အာဏာသိမ်းစစ်တပ်က ကပစ(၁၄)ပတ်ဝန်းကျင်မှာ ကာကင်းစခန်းတွေ ထပ်မံဆောက်လုပ် နေပါတယ်။

(​တော်လှန်​ရေးတပ်​တွေက ကပစ(၁၄)ကိုဧပြီလမှာ​တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-CDF-Asho)

​မေ-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ငဖဲမြို့နယ်ထဲကကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ(၁၄)ကိုရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အာဏာသိမ်းစစ်တပ်က ကပစ(၁၄)ပတ်ဝန်းကျင်မှာ ကာကင်းစခန်းတွေ ထပ်မံဆောက်လုပ် နေပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )နဲ့ လူ့ဘောင်သစ်တပ်မတော်( NSA )တို့ ပူးပေါင်းပြီး ဧပြီလ၂၀ ရက်မှာ ကပစ(၁၄)ကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့တာပါ။

ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ထုတ်လုပ်ရေးစက်ရုံနေရာတွေကို ဦးတည်ပစ်ခတ်ခဲ့ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့အခြားအဆင့်နှစ်ဦးသေဆုံးခဲ့တယ်လို့ CDF -အရှိုထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

Public Service Announcement

Public Service Announcement

စစ်တပ်က တိုက်ခိုက်ခံပြီးနောက်ပိုင်းမှာတော့ကပစ(၁၄)ပတ်ဝန်းကျင်မှာ ကာကင်းတွေ ထပ်ဆောက် နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

“ပန်း‌တောင်းကကပစ(၁၆)ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဖိအားပေးပြီးတိုက်နေချိန်မှာ (၁၄)ကို စစ်တပ်ကတော်တော်လေးသတိထားနေတယ်။ကာကင်းတွေ ထပ်ဆောက်နေတယ်။ အဲ့ဒီမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကိုထားတာ။မကွေးနဲ့ပဲခူးကလူတွေကိုမထားဘူး။ မွန်တို့ကရင်တို့ဘက်ကနေဆွဲလာတဲ့သူတွေကိုထားတာ”လို့ငဖဲမြို့ခံသတင်းရင်းမြစ်ကပြောပါတယ်။

အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေဟာပဲခူးတိုင်း ပန်းတောင်းမြို့က ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ကပစ(၁၆)ရဲ့ကာကင်းစခန်း၆၆၆ ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာသိမ်းယူခဲ့ပြီးတဲ့နောက် ​မေလဆန်းမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို ထပ်မံသိမ်းယူခဲ့ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကသေဆုံးသူ၂၀ထက်မနည်းရှိခဲ့တယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess Media က ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။

စစ်တပ်မှာ ကပစစက်ရုံ ၂၅ ခုရှိပြီး ပန်းတောင်းမြို့နယ်အပါအဝင် ပဲခူးတိုင်းထဲမှာ ၇ရုံ၊ မကွေးတိုင်းမှာ ၁၅ ရုံ၊ ပဲခူးနေပြည်တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)မှာ ၁ ရုံ ရှိပါတယ်။

ကပစ(၂၁)အပါအဝင်မကွေးတိုင်းထဲကကပစစက်ရုံတချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်တာတွေ၊ ကပစတွေဆီကိုသွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကိုဖြတ်တောက်တဲ့ စစ်ဆင်ရေးတွေဖော်ဆောင်နေပါတယ်။

ငဖဲမြို့နယ်မှာ ကအစ(၁၄)အပြင် ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်စပ်ဒေသမှာ စစ်ရေးအရအချက်အချာကျတဲ့ နတ်ရေကန်ဗျူဟာလည်း ရှိနေပါတယ်။ နတ်ရေကန်ဗျူဟာ AAနဲ့ မဟာမိတ်တွေက ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီကလေကြောင်းကနေ နေ့စဉ်ဗုံးကြဲခုခံနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။