Connect with us

Hi, what are you looking for?

သတင်း

ရေး -သံဖြူဇရပ်လမ်းပိုင်းမှာပစ်သတ်ထားတဲ့အမျိုးသားအလောင်းသုံးလောင်းတွေ့ရ

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

မေ – ၁၄ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

ဒီနေ့မနက် ၈ နာရီခွဲအချိန်ဝန်းကျင်ကစမ်းကြီးကျေးရွာရေး – သံဖြူဇရပ်ကားလမ်းမပေါ်ရှိမိုင်တိုင်အမှတ်၅၀/၅ အနီးမှာနှိပ်စက်သတ်ဖြတ်ခံရတဲ့ လက္ခဏာတွေနဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကိုတွေ့ခဲ့တာပါ။

“လက်တွေကိုနောက်ပြန်ကြိုးတုပ်ထားတယ်၊နဖူးနဲ့နားထင်တွေမှာ သေနတ်ဖောက်ဝင်ဒဏ်ရာတွေတွေ့ရပါတယ်”လို့ လူမူကူညီရေး လုပ်ကိုင်သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံထားရတဲ့အမျိူးသားသုံးဦးရဲ့ရုပ်အလောင်းဘေးမှာရေနံချေးသုတ်ရာမှာအသုံးပြုတဲ့ပုံးအဟောင်းနှစ်လုံးကိုလည်းတွေ့ခဲ့ရတယ်လို့သူက အသိပေးပါတယ်။

သေဆုံးသူတွေဟာပဲခူးတိုင်းဒိုက်ဦးမြို့နယ်၊ရွှေအင်ဒုံကျေးရွာမှာနေထိုင်တဲ့အသက် ၃၆ နှစ်အရွယ်ဦးဌေးအောင်၊ပြွန်တန်ဆာမြို့နေ အသက် ၂၆ နှစ်အရွယ်ကိုအောင်ပြည့်စုံ နဲ့ ကိုရဲထက်အောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူသုံးဦးဟာသံဖြူဇရပ်မြို့နယ်၊အောင်ချမ်းသာရပ်ကွက်ကတည်းခိုခန်းတစ်ခုမှာလတ်တလော တည်းခိုနေထိုင်နေကြတာလို့ ကနဦး သိထားရပါတယ်။

သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို နေရာနှစ်ခုမှာတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ အပါအဝင် ၃ဦး သေဆုံးခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။