Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စစ်မှုထမ်းအကျုံးဝင်သူအားလုံး မှတ်ပုံတင်ဖို့ စီစဉ်နေ

အာဏာသိမ်းစစ်တပ်က လူတင်မှူကြီးကြပ်ရေးဦးစီးဌာန(လဝက)နဲ့ပေါင်းပြီး စစ်မှုထမ်း အကျုံးဝင်သူအားလုံးကို မှတ်ပုံတင်ဖို့ စီစဉ်နေပြီး အလှည့်ကျဆင့်ခေါ်ဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

(စစ်တပ်က မတရာစုဆောင်းခေါ်ထားတဲ့ စစ်မှုထမ်းတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

မေ ၁၅၊၂၀၂၆။ဟာနာဆန်/People’s Spring

အာဏာသိမ်းစစ်တပ်က လူတင်မှူကြီးကြပ်ရေးဦးစီးဌာန(လဝက)နဲ့ပေါင်းပြီး စစ်မှုထမ်း အကျုံးဝင်သူအားလုံးကို မှတ်ပုံတင်ဖို့ စီစဉ်နေပြီး အလှည့်ကျဆင့်ခေါ်ဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

မနေ့က မေလ ၁၄ ရက် နေပြည်တော်မှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စစ်မှုထမ်းရမယ့် အင်အားအချက်အလက်အမှန်ရရှိရေး၊ နယ်မြေအတွင်း အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနနဲ့ ပေါင်းပြီး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ မှာခဲ့တာပါ။

ဒါ့အပြင် မှတ်ပုံတင်ထားသူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စီမံထားရှိရမယ်လို့ ၎င်းက ထပ်မံမှာကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာတော့ ပြီးခဲတဲ့ ဧပြီအတွင်းက အသက်(၁၀)နှစ်နဲ့ (၁၈)နှစ်ပြည့်သူတွေကို စစ်တပ်က မှတ်ပုံတင်လုပ်ပေးခဲ့ပြီး ယခုအခါ စစ်မှုထမ်းစာရင်းတွေကို လိုက်ကပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

“မြို့ပေါ်ရပ်ကွက်တွေမှာ အကုန်လိုက်ကပ်နေတာ။”လို့ စစ်ကိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ စစ်မှုထမ်း အပတ်စဥ် (၂)ခု တပြိုင်တည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်သင်တန်းဆင်း လူငယ်တွေဟာ စစ်မြေပြင်သို့ အကာအကွယ်မဲ့ ပို့ဆောင်ခံနေရပြီး အသက်ဆုံးရှုံးမှုများပြားနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook