Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မှာ KIAနဲ့ စစ်တပ် တိုက်ပွဲဖြစ်၊ စစ်ပွဲပြင်းထန်မယ့် အခြေအနေရှိဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့ပြီး စစ်ရေးပြင်းထန်မယ့် အခြေအနေရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနရဲ့ မေလ ၁၆ရက် သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

(ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်းမှာ တွေ့ရတဲ့ KIAပူးပေါင်းတပ်က ရဲဘော်တွေ။ ဓာတ်ပုံ - The Kachin Net)

မေ ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့ပြီး စစ်ရေးပြင်းထန်မယ့် အခြေအနေရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနရဲ့ မေလ ၁၆ရက် သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မေ ၁၅ရက်ညနေပိုင်းကစစ်တပ်ရဲ့ထပရ (၉၃၃)တပ်ရင်းက KIA ပူးပေါင်းတပ် နေရာယူထားတဲ့ ၅ မိုင် ကွန်ပျူတာ တက္ကသိုလ်အနီး ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်လို့ တိုက်ပွဲရှိခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ကစကခ(၂၁)တပ်တွင်းကိုလည်း စစ်တပ်က လေယာဉ်နဲ့ စစ်ထောက်ပံ့ရေး ပစ္စည်းတွေ ဖြည့်တင်းခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အနေနဲ့ ဗန်းမော်မြို့မှာ တစ်နှစ်ကျော်ကြာ ခုခံနေတာဖြစ်ပြီး ဆက်လက် စစ်ပွဲ ပြင်းထန်မယ့် အခြေအနေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

KIA ပူးပေါင်းတပ်ဟာ၂၀၂၄ဒီဇင်ဘာမှာဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်ခဲ့တာဖြစ်ပြီး၁ နှစ်ခွဲကြာတဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားတွေဖြည့်တင်းဖို့ ကြိုးပမ်းနေတယ်လို့ ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ရွှေကူမြို့မှာစစ်တပ်က စစ်အင်အားထောင်ချီ စုဖွဲ့ စစ်ကြောင်းထိုးနေပြီး ဒီမေလ မကုန်မီ ဗန်းမော်မြို့နယ် စင်းခန်းဒေသကို သိမ်းပိုက်နိုင်ဖို့ စီစဉ်ထားတယ်လို့ ကြားသိရကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ မနေ့က သတင်းဖော်ပြချက်မှာ စစ်တပ်ဟာ ဖားကန့်မြို့နယ်ကိုလည်း စစ်ကြောင်း ၃ခု ထိုး လာလို့ KIA ပူးပေါင်းတပ်က ဒရုန်းနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ တပ်မ (၉၉)နဲ့ တပ်မ(၃၃) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာတာကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေတာလို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။