Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်နေ၊ စစ်တပ်က နေအိမ်တွေ ဖျက်ဆီး

ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

(စစ်တပ် ဖျက်ဆီးသွားတဲ့ မိုးဗြဲမြို့ရှိ ဒေသခံတွေရဲ့ နေအိမ်တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - Mobye People Defense Force)

မေ -၂၁၊၂၀၂၆။မိုမို/People’s Spring

ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

နယ်မြေစိုးမိုးနိုင်ရေးအတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ PNO က နေ့စဉ်နဲ့အမျှ စစ်ရေးလှုပ်ရှားမှုရှိနေတယ်လို့ ဆိုပါတယ်။

” အင်အားကတော့မပြောတတ်သေးဘူး။စစ် ကြောင်း နှစ်ခုလောက်ထိုးမယ့်အတိုင်းအတာရှိတယ်”လို့ မိုးဗြဲမြို့မှာရှိနေတဲ့ ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိတွေ့မှုတွေမှာ အထိနာတဲ့ စစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ရည်ရွယ်ချက်ရှိရှိ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့တွင်းမှာ စစ်တပ်နဲ့ PNO တပ်တွေ ကာကင်းယူထားတဲ့ ကျေးရွာ၊ရက်ကွက်အချို့မှာလည်း ဒေသခံတွေရဲ့ ပစ္စည်းတွေကိုခိုးယူတာ၊အိုးအိမ်တွေကို မီးရှို့တာ၊ဘာသာရေးအဆောက်အဦးနဲ့ ပြည်သူတွေရဲ့ အဆောက်အဦးတွေကို ဖျက်ဆီးဖြုတ်ယူတာတွေကို တွေ့နေရတယ်လို့ MBPDF က ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း အချိန်မရွေး တိုက်ပွဲကြီးငယ်ဖြစ်ပွားနိုင်ပြီး ရှေ့တန်းကာကင်းက ရဲဘော်တွေအတွက်လည်း အရေးပေါ်စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ အမိုးအကာတွေ အထူးလိုအပ်နေတဲ့ အပြင် စစ်ရေးအထောက်အပံ့တွေ အရေးတကြီးလိုနေတယ်လို့ ဆိုပါတယ်။

မေလ ၁၃ ရက်ကစပြီး စစ်တပ်နဲ့ PNO ပူးပေါင်းပြီး မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

“မိုးဗြဲစက်တော် လွယ်ဝိုင်းဘက်ကို စစ်ကြောင်းထိုးလာလို့ ထိတွေ့မှု့ဖြစ်တာပါ။တိုးလိုက်ဆုတ်လိုက်ပဲ။အခြေနေက ဆိုင်ထားတဲ့အခြေနေပါ”လို့ မြေပြင်စစ် ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

မိုးဗြဲမြို့ကို စစ်တပ်က ၂၀၂၅ ဇူလိုင်မှာ ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း မိုးဗြဲမြို့အနီးကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။