Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူများအတွက် အကူအညီနှင့်ဆေးဝါးထောက်ပံ့မှုများကို မြန်မာစစ်တပ် နှောင့်ယှက်တားမြစ်နေဟုအပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်

“မြန်မာစစ်တပ်က သူ့ပြည်သူတွေကို လူမဆန်တဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အသက်ဆုံးရှုံးမှုတွေကို ကျွန်မတို့ ပိုမိုမြင်တွေ့ရပါလိမ့်မယ်”ဟု Amnesty International အရှေ့တောင်အာရှဒုတိယညွန်ကြားရေးမှူး Emerlynne Gil က ပြောသည်။

(​​လေးကေ့​ကော်​ဒေသ တိုက်ပွဲ​ကြောင့် ထိုင်းနိုင်ငံ မဲ​ဆောက်မြို့သို့ သွား​ရောက်ခိုလှုံ​နေရသည့် မြန်မာစစ်​ရှောင်များကို ​တွေ့ရစဥ်)

ဖေဖော်ဝါရီ အာဏာသိမ်းမှုအပေါ် လက်နက်ကိုင်ခုခံခြင်းကို ဖိနှိပ်သည့် အစိတ်အပိုင်းအဖြစ် မြန်မာစစ်တပ်သည် အရပ်သားပြည်သူများ အရေးတကြီးလိုအပ်နေသော အကူအညီနှင့် ဆေးဝါးထောက်ပံ့မှုများကို နှောင့်ယှက်တားမြစ်နေကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့(Amnesty International)က ယနေ့ (ဒီဇင်ဘာ ၁၇ ရက်)ထုတ်ပြန်သည်။

လက်နက်ကိုင်ခုခံရေးသမားများအပေါ် လူမဆန်သော စစ်ပွဲ၏ အစိတ်အပိုင်းအဖြစ် မြန်မာစစ်တပ်သည် အဆင်ခြင်းမဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် လူနေအိမ်ရာနှင့်ချီ မီးရှို့ဖျက်ဆီးမှုများသာမက အရေးပေါ် အကူအညီများ ဖြတ်တောက်ခြင်းနှင့် နိုင်ငံတဝန်း လူသားချင်းစာနာမှုပေးသူဝန်ထမ်းများကို ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်နေကြောင်း Amnesty International က ထုတ်ပြန်သည်။

“မြန်မာစစ်တပ်က သူ့ပြည်သူတွေကို လူမဆန်တဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အသက်ဆုံးရှုံးမှုတွေကို ကျွန်မတို့ ပိုမိုမြင်တွေ့ရပါလိမ့်မယ်”ဟု Amnesty International အရှေ့တောင်အာရှဒုတိယညွန်ကြားရေးမှူး Emerlynne Gil က ပြောသည်။

နေရပ်စွန့်ခွာသူ အရပ်သားများ၊ ပြည်တွင်းအကူအညီပေးသူဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များကို Amnesty က တွေ့ဆုံမေးမြန်းခဲ့ပြီး အားကောင်းသောမျက်မြင်သက်သေများစုစည်းခဲ့ ခြင်းက ပြည်သူများ ငတ်မွတ်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်းကနေ တားမြစ်ရန် စစ်တပ်၏ စနစ်တကျကြိုးပမ်းမှုကို ပေါ်လွင်ထင်ရှားစေကြောင်း Amnesty International က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် အကူအညီပေးရေးဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ အစားအသောက်၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း သို့မဟုတ် သွားလာရေးကို ပိတ်ဆို့ခြင်း အပါအဝင် အကူအညီပေးရေးတုံ့ပြန်ဆောင်ရွက်ချက်များကို ကြိမ်ဖန်များစွာ ကန့်သတ်ခဲ့ကြောင်း လူသားချင်းစာနာမှုအကူအညီပေးရေးဝန်ထမ်းများက ပြောသည်။

(​​လေးကေ့​ကော်​ဒေသ တိုက်ပွဲ​ကြောင့် ထိုင်းနိုင်ငံ မဲ​ဆောက်မြို့သို့ သွား​ရောက်ခိုလှုံ​နေရသည့် မြန်မာစစ်​ရှောင်များကို ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။