Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကင်ညာ စာသင်ကျောင်း အဆောင်မီးလောင်မှုမှာ ကျောင်းသူ ၈ ဦး ရှို့မီးသံသယနဲ့ အဖမ်းခံထားရ

ကျောင်းသူတွေ နေတဲ့ အဆောင်ကို တမင် မီးရှို့ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ကင်ညာရဲတပ်ဖွဲ့ဟာ ကျောင်းသူ မိန်းကလေး ၈ ဦးကို ဖမ်းဆီးထားပါတယ်။

ဓာတ်ပုံ - AP

ကျောင်းသူတွေ နေတဲ့ အဆောင်ကို တမင် မီးရှို့ခဲ့တယ်ဆိုတဲ့ သံသယကြောင့် ကင်ညာရဲတပ်ဖွဲ့ဟာ ကျောင်းသူ မိန်းကလေး ၈ ဦးကို ဖမ်းဆီးထားပါတယ်။

သန်းခေါင်ကျော်အချိန် မေလ ၂၈ ရက်နေ့ မနက် အစောပိုင်းတုန်းက ကင်ညာနိုင်ငံ အလယ်ပိုင်း၊ နာကူရူ ခရိုင်မှာရှိတဲ့ ယူတူမီရှီ ကျောင်းအိပ်ကျောင်းစား မိန်းကလေး ကျောင်းမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး ကလေး ၁၆ ဦး သေဆုံးခဲ့သလို ၇၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ ကင်ညာ တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေတဲ့ အုတ်အော်သောင်းနင်းကိစ္စ ဖြစ်ခဲ့သလို ရဲတွေက စုံစမ်းရေး အပိုင်းမှာ အထူးအာရုံစိုက် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

မီးလောင်မှု ဖြစ်ချိန်မှာ အဆောင်ရဲ့ ထွက်ပေါက်တံခါးကို အပြင်ဖက်ကနေ ပိတ်ထားတာကို စစ်ဆေး တွေ့ရှိတဲ့ အတွက်လည်း ကျောင်းရဲ့ တာဝန်ရှိသူတွေကို လုံခြုံရေး စည်းမျဉ်းဆိုင်ရာ အရေးယူမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီတံခါး ပိတ်ထားတာကြောင့်လည်း အဆောင်နေ ကလေးတွေဟာ ကြောက်လန့်တကြား ထွက်ပြေးကြပေမယ့် မလွတ်မြောက်ဘဲ အသေအပျောက် ပိုများခဲ့တာလို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေဟာ ကျောင်းသူ ၃၀ လောက်ကို မေလ ၂၉ ရက်နေ့မှာ ညလုံးပေါက် စစ်ဆေး မေးမြန်းမှုတွေ လုပ်ခဲ့ပြီး နောက်တစ်နေ့မှာတော့ ၈ ဦးကို မီးရှို့မှုအတွက် သံသယရှိသူတွေအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့က မီးလောင်ကျွမ်းမှု ဖြစ်စဉ်ဟာ ရှို့မီးကြောင့်လား ဆိုတာကိုတော့ တိတိကျကျ ထုတ်မပြောသေးပါဘူး။ ပညာရေးဝန်ကြီး ဂျူလိယက်စ် အိုဂမ်ဘာကတော့ ကျောင်းဆရာမ နှစ်ဦးဟာ တချို့ကျောင်းသူတွေ တစ်ခုခု ကြိတ်ကြံစည်နေတယ် ဆိုတာကို သတိထားမိခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပေမယ့် အသေးစိတ်ကိုတော့ ရှင်းမပြခဲ့ပါဘူး။

မေလ ၂၉ ရက်နေ့မှာတော့ စစ်ဆေးမေးမြန်း ခံနေရသူတွေရဲ့ မိဘတွေက သူတို့ရဲ့ ကလေးတွေဟာ အဖမ်းခံရတာလား၊ စုံစမ်းစစ်ဆေး ခံနေရတာလား ဆိုတာကို တိတိကျကျ သိခွင့်ရဖို့ တောင်းဆိုလာကြပါတယ်။ ရဲတွေက ကလေးတွေကို ခေါ်ထားပေမယ့် ဘယ်သူ့ကို ဖမ်းထားပြီး ဘယ်သူ့ကိုတော့ စစ်ဆေးနေတယ် ဆိုတာကို တိတိကျကျ မပြောကြောင်း၊ မိန်းကလေး ၈ ဦးကို ဖမ်းထားတယ် ဆိုတာကိုတောင်မှ ရဲတွေက တိုက်ရိုက်ပြောပြလို့ သိရတာ မဟုတ်ကြောင်း မိဘတွေက အရေးဆိုနေပါတယ်။

ကျောင်းနဲ့ ၁၈ မိုင်လောက် အကွာမှာရှိတဲ့ ဆေးရုံတစ်ခုမှာတော့ မိဘတွေဟာ မီးကျွမ်းပြီး ဘယ်သူဘယ်ဝါ ခွဲခြားဖို့ ခက်နေတဲ့ အလောင်းတွေထဲမှာ ကိုယ့်ကလေးက ဘယ်သူဆိုတာ သိနိုင်ဖို့ DNA စစ်ချက်အဖြေကို ကြေကွဲစွာနဲ့ စောင့်နေကြပါတယ်။

ယူတူမီရှီ မိန်းကလေးကျောင်းကို ရဲတပ်ဖွဲ့က စရိတ်ထောက်ပံ့ပြီး ဖွင့်လှစ်ထားတာ ဖြစ်သလို ပညာသင်ယူနေသူ အများစုဟာ ရဲအရာရှိတွေ၊ ရဲဝန်ထမ်းတွေရဲ့ သမီးတွေပါ။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေကို အထူးကြပ်မတ် လုပ်ဆောင်နေကြောင်း ပညာရေးဝန်ကြီး အိုဂမ်ဘာက ပြောကြားခဲ့ပြီး ကျောင်းရဲ့ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ကိုတော့ ဖျက်သိမ်းပစ်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောင်းအုပ်ကြီးဟာလည်း လုံခြုံရေး စည်းမျဉ်းတွေ ချိုးဖောက်မှု စွပ်စွဲချက်အတွက် ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်တယ်လို့ သူက ပြောကြားသွားပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။