Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ အိန္ဒိယကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ အမတ်တွေ ဝေဖန်

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံခဲ့တဲ့ အိန္ဒိယ အစိုးရအပေါ် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။

ဇွန် – ၁၊၂၀၂၆

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံခဲ့တဲ့ အိန္ဒိယ အစိုးရအပေါ် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။

ဒီမိုကရေစီအရပ်သားအစိုးရဆီကနေ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေတဆင့် သမ္မတ ရာထူးကို ရယူခဲ့တဲ့နောက် ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် အိန္ဒိယကို သွားရောက်ခဲ့ပါတယ်။

APHRကတော့ အိန္ဒိယ အစိုးရရော၊ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီပါ စစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံမှုတွေကို ရုပ်သိမ်းဖို့၊ မြန်မာပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကို လေးစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ဟာမြန်မာနိုင်ငံကိုကိုယ်စားပြုတဲ့တရားဝင်သမ္မတမဟုတ်ဘူးလို့ APHRရဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ် ခရစ္စတီး ဘာရန်းစ်က ပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်ခဲ့တဲ့ စစ်တပ်ဟာ ရွေးကောက်ခံ မြန်မာအစိုးရကို အဓမ္မ ဖယ်ရှားပြီး ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကျူးလွန်ခဲ့ကြောင်း သူက ဆိုပါတယ်။

အိန္ဒိယရဲ့နိုင်ငံခြားရေးမူဝါဒတွေဟာအိမ်နီးချင်းတွေ၊အထူးသဖြင့်အရှေ့ပိုင်းဒေသကနိုင်ငံတွေနဲ့အတူတည်ငြိမ်မှု၊ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေးကို အခြေပြုထားကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အဲဒီ ရည်မှန်းချက်တွေ ထိခိုက်ယိမ်းယိုင်ခဲ့ရကြောင်းလည်း APHRက ထောက်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ကျေးရွာတွေကို ဗုံးကြဲတာ၊ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးတာ၊ စစ်ရှောင်ပြည်သူ သိန်းနဲ့ချီ ရွှေ့ပြောင်းစေတာမျိုး လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့အပြင် အရပ်သား ၇၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းလည်း APHRက ပြောပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းဟာ အသွင်ပြောင်း စစ်အုပ်ချုပ်ရေး အစုအဖွဲ့ကိုပုံမှန်ဆက်ဆံဖို့ ကြိုးစားမယ်ဆိုရင် စစ်တပ်က အကြမ်းဖက်မှုတွေ ဆက်ပြီး ကျူးလွန်အောင်၊ မြန်မာပြည်သူတွေရဲ့ နာကျင်ဒုက္ခတွေ သက်ဆိုးရှည်အောင် တွန်းအားပေးရာ ရောက်လိမ့်မယ်လို့လည်း APHRက သတိပေးထားပါတယ်။

ဒီမိုကရေစီ နိုင်ငံကြီးတစ်ခုလည်းဖြစ်၊ အာဆီယံရဲ့ ဆွေးနွေးမှု မိတ်ဖက် နိုင်ငံလည်းဖြစ်တဲ့ အိန္ဒိယ အနေနဲ့ မြန်မာနဲ့ ဆက်ဆံရာမှာ ဒီမိုကရေစီ စံတန်ဖိုးတွေကို အလေးထား ချဉ်းကပ်ဖို့ မျှော်လင့်ကြောင်းလည်း APHRက တိုက်တွန်းသွားပါတယ်။

ကိုးကား – APHR

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

Facebook