Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ် စစ်တပ်လေကြောင်းတိုက်မှု ကိုယ်ဝန်သည်မိခင်အပါအဝင် အနည်းဆုံး ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတချို့။ ဓာတ်ပုံ - Wetlet Informational Network

ဇွန်-၁၇၊ ၂၀၂၆။ ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ညောင်ပင်ကြီးတောရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်သည်မိခင်နဲ့ သူ့ရဲ့ သမီးငယ်၊ နောက်ထပ်အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ သိရပါတယ်။

“ကိုယ်ဝန်သည်အမျိုးသမီးနဲ့ သူ့ရဲ့ သမီးဖြစ်သူရယ်၊ နောက်ထပ်အမျိုးသမီးရယ်၊ သုံးဦး သေဆုံးတယ်။ အဲဒီမှာ ကိုယ်ဝန်သည်အမျိုးသမီးရဲ့ သမီးက ခေါင်းပြတ်သွားတာ။ ခေါင်းကို ဖောက်မှန်သွားတာ။ သားအမိ၂ယောက် ဖက်လျက်လေး သေသွားတာ။ နောက်ထပ် အမျိုးသမီးလည်းခေါင်းပြတ်တယ်။ ဗိုက်ပွင့်သွားတဲ့သူလည်း ရှိသေးတယ်။ သေတာကတော့ ဗိုက်ထဲက ကလေးရောဆို ၄ယောက်ပေါ့”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆက်တွဲသတင်းအရ သေဆုံးသူ ထပ်တိုးပြီး အရေအတွက်ကို People’s Springက ဆက်လက်စုံစမ်းနေဆဲပါ။

စစ်တပ်က ဝက်လက်မြို့နယ်ကို အကြောင်းမဲ့ ဆက်တိုက်ဗုံးကြဲနေပြီး မနေ့ကလည်း အသေခံဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တာမို့ မိခင်ဖြစ်သူ သေဆုံးပြီး သား၊သမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook