ဇွန်-၁၉၊၂၀၂၆။ကတ်သရင်း/People’s Spring
မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီကနေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ (ဇွန်လ ၁၉ ရက်)မှာ ကျရောက်တဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့်မွေးနေ့ မှာ တိုက်ဆိုင်စွာ မန္တလေးမြို့တနေရာမှာ 81 Electronic ကုမ္ပဏီကနေ ပေးထားတဲ့ အားကစားဝတ်စုံနဲ့ ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်တယ်လို့မြို့ခံတွေက ပြောပါတယ်။
81 Electronic ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လ၇ ရက်နေ့က မန္တလေးမြို့မှာ အပြေး ပြိုင်ပွဲကြီးတခု ပြုလုပ်ခဲ့ပြီး 81 logo အင်္ကျီတွေကို ထုတ်ပြီး ဖြန့်ဝေ အရောင်းမြှင့် ကြော်ညာခဲ့တာလို့ ဖြစ်ပါတယ်။

Public Service Announcement
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၁နှစ်ပြည့် မွေးနေ့ကို ပြည်သူလူထုက ဆုတောင်း ပေး နေပြီး စစ်အုပ်စုကလည်း မွေးနေ့ဆု တောင်းလှုပ်ရှားမှုမှာ မပါဝင်ဖို့ ဆက်တိုက် ခြိမ်းခြောက်နေတာပါ။
အဲဒီနောက်စစ်အုပ်စုကဒီအင်္ကျီနဲ့ ပတ်သက်ပြီး စစ်ဆေး မှုတွေ ရှိနေတာ ကြောင့် 81 စာပါတဲ့ အပြေးပြိုင်ပွဲစီစဉ်သူတချို့လည်း ဖြေရှင်းမှုတွေလုပ် နေရတယ်လို့ စုံစမ်းသိရပါတယ်။ ၈၁ လျှပ်စစ်ပစ္စည်းကုမ္ပဏီဟာ မန္တလေးမြို့ ၈၁ လမ်းမှာစဖွင့်ခဲ့တာဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။
လူထုခေါင်း ဆောင်ရဲ့ မွေးနေ့ပွဲကို ပြည်သူလူထုပါဝင်မှာစိုးရိမ်ပြီး မနေ့ကတည်းက မန္တလေးမြို့မှာ စစ်အုပ်စုက လမ်းတပြစီတိုင်း လုံခြုံရေး တွေချထားတယ်လို့ မြို့ခံ တွေက ပြောပါတယ်။
မနေ့ကပဲ မန္တလေးမြို့က ပန်းသည်တချို့ကို နှင်းဆီပန်းမရောင်းဖို့ စစ်အုပ်စုက လိုက်လံခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။ဒါကြောင့် ဒီနေ့ ပန်းဆိုင်တွေဟာ နှင်းဆီပန်းမရောင်းရဲကြပဲ စစ်တပ်ရန်ပြုမှာကြောက်လို့ ဆိုင်တွေလည်းအစောပိတ်ခသွားခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ် ။


















































