Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ်တိုက်ပွဲ စစ်တပ်ဆုတ်ခွာသွားပေမဲ့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု မြို့နယ်ပကဖ ပြော

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

(လောင်းလုံးနယ်တိုက်ပွဲ စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - လောင်းလုံး ပကဖ)

ဇွန်-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ ၁၄ရက်က လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့မှုကို မြို့နယ် ပကဖက ဇွန် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ရာ ဒေသတွင်း စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် အခုလို ဖြေကြားတာဖြစ်ပါတယ်။

” ခုလက်ရှိမှာတော့ရွာထဲစခမရှိတော့ဘူးဗျ ရွာသားတွေလည်းရွာထဲပြန်၀င်နေကြတယ်ဗျ။ စခကပြန်ဆုတ်သွားပြီး။ စစ်‌ပြဲရွာမြောက်ဖက်ခြမ်းကခြံတွေထဲမှာပဲလို့ယူဆရတယ်” လို့ မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြီး တိုက်ပွဲအချိန်မရွေးဖြစ်နိုင်ကြောင်းကို အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ဝေးဝေးရှောင်ကြဖို့လည်း ပကဖ တာဝန်ရှိသူက တိုက်တွန်းပါတယ်။

“လူငယ်တွေ အဖမ်းမခံရအောင်ဂရုစိုက်ရှောင်ရှားကြပါ ။ စကမတပ်ထဲကပစတွေကိုတော့ကျနော်တို့အနေနဲ့ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ပြေးချင်တဲ့စိတ်အမှန်တကယ်ရှိရင်လွတ်ကိုလွတ်ပါတယ်။ စစ်ကြောင်းထွက်လေပြေးလို့ကောင်းလေ ပိုပြီးအခွင့်လမ်းများလေပဲ စစ်ကြောင်းကထွက်ပြေးပြီးမှ လက်နက်မပါလာရင်တော့ ၈၀ရာခိုင်နှုန်းကယုံကြည်လို့မရဘူး” လို့ မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ ၁၄ရက်က ဖြစ်ပွားခဲ့တဲ့ စပ်ပြဲရွာတိုက်ပွဲဟာ ဇွန်လ ၁၅ရက်နေ့အထိ ပြင်းထန်ခဲ့ပါတယ်။

စစ်တပ်က လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုတွေ ရှိပေမယ့် ဇွန်လ ၁၅ရက်မနက်မှာ ကျေးရွာအတွင်းက ဆုတ်ခွာသွားတာပါ။ တိုက်ပွဲအပြီး ရှင်းလင်းစဉ် စစ်တပ် ရုပ်အလောင်း ၇လောင်း၊ လက်နက် ၁လက်နဲ့ကျည်ခဲယမ်းတွေ သိမ်းရဟု မြို့နယ်ပကဖ က အသိပေးထားပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က အရာရှိ ၂ဦးအပါအဝင် ဒဏ်ရာရသူတွေရှိတယ်လို့ မြို့နယ်ပကဖက ထုတ်ပြန်ထားပြီး တော်လှန်ရေးရဲဘော်အချို့ ဒဏ်ရာရခဲ့တာကိုလည်း အသိပေးပါတယ်။

စပ်ပြဲရွာ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း မှဦးစီးပြီး ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(ပင်လယ်ကြယ်တပ်ခွဲ)၊ထားဝယ်ခရိုင်အမှတ် (၈၀ဝ၃)တပ်ရင်း၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBF)၊ဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်း-ပကဖ)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊Guerrilla Dawei(ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)၊အထူးပြောက်ကျား တပ်ဖွဲ့ Dragon Squad (2) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...