Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စဉ့်ကူးမြို့သဲအင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတာကို ၂၀၂၂ မေလက တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ဇွန်-၂၃၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ၂၃ရက် ဒီကနေ့ ၁၂နာရီက ထုံးကြီးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာရဲ့ အနောက်ဘက်က ကျွန်းပေါ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီလက်နက်ကြီးဟာ မြေနုကျွန်းရွာပေါ် ကျပြီး ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ဦးဟာ ဒဏ်ရာစိုးရိမ်ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“၃လုံးက ရေထဲကျတာ ။စိုးရိမ်ရတဲ့ ၂ဦးက လက်နက်ကြီးကြောက်လို့ ပုန်းနေတဲ့ နေရာကို ကျတာလို့ ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ မြစ်ပဲခြားတာကြောင့် စစ်ကိုင်းတိုင်းဘက်ကနေ PDF တွေ ကူးလာမှာစိုးရိမ်ပြီး စစ်တပ်က စဉ့်ကူးနဲ့ မတ္တရာနယ်တို့ကို အင်အားတိုးချတာ တွေပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်အထိုင်တပ်စွဲထားတဲ့ နေရာတွေကနေလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ စစ်ကိုင်းတိုင်းဘက်ကို ပစ်ခတ်နေပြီး အဲဒီလက်နက်ကြီးတွေဟာ ဧရာဝတီမြစ်အတွင်း ကျွန်းပေါ် နေပြည်သူတွေရွာထဲကျပြီး ပြည်သူထိခိုက်ဒဏ်ရာရတွေလည်း မကြာခဏဖြစ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook