Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ပြသတာတွေလုပ်ရင် အရေးယူမယ်လို့ Mytel ခြိမ်းခြောက်

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဇွန်-၂၅၊၂၀၂၆။တေဇ/People’s Spring

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

Mytel ရဲ့ ခွင့်ပြုချက်မရှိပဲ ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ သက်‌ဆိုင်တဲ့ အကြောင်းအရာတွေကို တိုက်ရိုက်ထုတ်လွှင့်တာ ပြန်လည်မျှဝေတာ ၊ ကူးယူတာ ၊ မှတ်တမ်းတင်တာစတဲ့ အရာတွေကို မလုပ်ဆောင်ဖို့ တားမြစ်ထားပြီး တားမြစ်ချက်တွေကို လုပ်ဆောင်ရင် မူပိုင်ခွင့်ဥပဒေ ၊ဆက်သွယ်ရေးဥပဒေ၊ ဆိုက်ဘာဥပဒေတွေအပါအဝင် နိုင်ငံတကာဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာပါ။

ပြည်သူတွေအပေါ်မှာ ‌အကြမ်းဖက်သတ်ဖြတ်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင် Mytel ကို ပြည်တွင်းမှာ ကမ္ဘာ့ဖလား‌ ဘောလုံးပွဲစဉ်တွေ ပြသခွင့်ပေးလိုက်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) ကထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

Mytel က ကမ္ဘာ့ဖလားပွဲတွေ ထုတ်လွှင့်တဲ့ TV360 ရဲ့ ဖေ့စ်ဘွတ်ခ်၏စာမျက်နှာကိုလည်း ဖေ့စ်ဘွတ်ခ်က ဖယ်ရှားထားပါတယ်။

လက်ရှိမှာတော့ Mytel က ကမ္ဘာ့ဖလားပွဲစဉ်တွေကို TV360 Application ကထုတ်လွှင့်ပေးနေပြီး CANAL+ ရုပ်သံလိုင်းက‌လည်း ပြသပေးနေတာပါ။

TV360 Application က ကြည့်ရှုဖို့ Mytel ဖုန်းကဒ်နဲ့ ပက်ကေ့ခ်ျဝယ်ယူရတာဖြစ်ပြီး အဆင်မပြေကြောင်း အသုံးပြုသူအများစုက ပြောထားပါတယ်။

စစ်တပ်နဲ့ တိုက်ရိုက်ပတ်သတ်နေတဲ့ Mytel က Boycott ပြုလုပ်ရမှာကြောင့် မကြည့်ဖို့တိုက်တွန်းသူတွေရှိသလို ကမ္ဘာ့ဖလားဘောဘောလုံးပွဲ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Application တွေကိုလည်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက အချင်းချင်းမျှဝေပေးထားကြပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Application တွေ ထုတ်လုပ်ထားပြီး အဲဒီ့ Application တွေကဝင်ငွေရရှိနိုင်တာကြောင့် ကြည့်ရှုပေးကြဖို့ တိုက်တွန်းနေတာတွေလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

နိုင်ငံတကာ

ဒီနေ့ မနက်မစောပိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု-A၊ B နဲ့ C တို့ အုပ်စုနောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ကြရာ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ မက္ကဆီကို၊ ကနေဒါတို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အုပ်စု A ရဲ့ အုပ်စုဗိုလ်အဖြစ် မက္ကဆီကို၊ ဒုတိယနေရာက တောင်အာဖရိက၊ အုပ်စု B...

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု ဒုတိယပွဲစဥ်​တွေ ယှဥ်ပြိုင်ပြီးချိန် အုပ်စု ၁၂ စုရဲ့ အုပ်စုတွင်းရပ်တည်မှု အ​ခြေအ​နေဖြစ်ပါတယ်။