Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့မှာ စံချိန်တင် ပူပြင်းတဲ့ ကာလတွေ ကြုံတွေ့နေရ

ဥရောပ အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်း သမိုင်းတလျှောက် အပူဆုံး စံချိန်တွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

ဥရောပ အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်း သမိုင်းတလျှောက် အပူဆုံး စံချိန်တွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။

လူသန်းပေါင်းများစွာဟာ အညှာအတာ ကင်းမဲ့တဲ့ အပူဒဏ်ကို အပြင်းအထန် ခံစားနေခဲ့ရပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ နေ့အပူချိန် ၄၁ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရောက်ရှိခဲ့ပါတယ်။ ပြင်သစ်ရဲ့ တစ်နိုင်ငံလုံး ပျမ်းမျှ အပူချိန် ညွှန်ကိန်းတွေအရ နေ့နဲ့ည ပျမ်းမျှအပူချိန်ဟာ ဇွန်လ ၂၃ ရက်နေ့မှာ ၃၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ စနစ်တကျ တိုင်းတာမှုတွေ စတင်ခဲ့တဲ့ ၁၉၄၇ နောက်ပိုင်း တစ်နေ့တာ အပူဆုံး စံချိန်လည်း ဖြစ်လာပါတယ်။

ဗြိတိန်ဟာလည်း ကြုံဖူးသမျှ အပူပြင်းဆုံး ဇွန်လကို ဖြတ်သန်းနေရပြီး စပိန်မှာလည်း ၁၉၅၀ နောက်ပိုင်း ပျမ်းမျှ တစ်နေ့တာ အမြင့်ဆုံး အပူချိန်ကို တိုင်းတာ ရရှိခဲ့ပါတယ်။ စပိန် မြောက်ပိုင်းမှာလည်း ရာသီဥတု ပူပြင်းမှု အရေးပေါ် သတိပေးချက်တွေကို ဆက်လက် ထုတ်ပြန်ထားပြီး တချို့နေရာတွေမှာ နေ့အပူချိန် ၄၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရောက်ရှိနိုင်ကြောင်း ကြေညာထားပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ထက်ဝက်လောက် ကျယ်ဝန်းတဲ့ ဒေသတွေဟာ အပူအန္တရာယ် သတိပေး ကြေညာချက် ထုတ်ပြန်ခံထားရပြီး အဲကွန်းတွေ အပြိုင်ဖွင့်ကြရာက ဓာတ်အား မနိုင်မနင်းဖြစ်ပြီး နိုင်ငံအနောက်ပိုင်းက အိမ်ပေါင်း ထောင်နဲ့ချီ လျှပ်စစ်မီး ပြတ်တောက်တာတွေလည်း ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အလွန်အကျွံ ပူပြင်းတဲ့ နွေရာသီကြောင့် ပြင်သစ်မှာ ရေအရင်းအမြစ်တွေ ခန်းခြောက်တာ၊ ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်လာနိုင်တာတွေကိုလည်း စိုးရိမ်နေရပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ တခြားဥရောပ နိုင်ငံတွေက အပူချိန် မြင့်မားလွန်းတဲ့ ဒေသတွေမှာတော့ စာသင်ကျောင်းတွေကို ယာယီ ပိတ်စေပြီး ကလေးတွေကို အွန်လိုင်းကနေ စာသင်တာမျိုး နည်းလမ်းတွေကို လတ်တလော အစားထိုး အသုံးပြုထားဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

အရမ်းပူတဲ့ အချိန်တွေမှာ သဘာဝ မြစ်ချောင်း အင်းအိုင်တွေနဲ့ တူးမြောင်းတွေထဲ ရေဆင်းကူးလို့ ပြင်သစ်မှာ ရေနစ်သေဆုံးသူ အရေအတွက်လည်း တိုးလာပါတယ်။ ဇွန်လ ၁၈ ရက်နောက်ပိုင်းမှာတင် အဲဒီလို အခြေအနေကြောင့် ရေနစ်ပြီး အသက်ဆုံးရှုံးသူ ၄၀ ကျော် ရှိခဲ့ကြောင်း ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။

ပြင်သစ်၊ ဗြိတိန်နဲ့ စပိန်တို့နည်းတူ နောက်ထပ် အပူဒဏ်ကို အပြင်းအထန် ခံစားနေရတာက အီတလီနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာဖြစ်ပြီး အပူချိန် မြင့်မားမှု သတိပေးချက်တွေကို နေရာပေါင်း ၁၆ ခုမှာ ထုတ်ပြန်ထားရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စပိန်ရဲ့ အိမ်ခြံမြေ အကျပ်အတည်းကို မီးမောင်းထိုးပြတဲ့ ပြယုဂ်တစ်ခု ဖြစ်လာစေသူ အတင်းအကျပ် နှင်ထုတ် ဖယ်ရှားခံခဲ့ရတဲ့ မသန်စွမ်း အဖွားအိုဟာ မူလ အိမ်ခန်းမှာ ပြန်လည် နေထိုင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာပေါ်မှာ လက်ရှိကြုံတွေ့နေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းဖြတ်မှု စူပါအယ်လ်နီညို ဖြစ်စဉ်ကြောင့် လာမယ့် ​ခြောက်လအတွင်း လူပေါင်း လေးသိန်းခွဲလောက်သေဆုံးနိုင်ကြောင်းသိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့အစီရင်ခံစာ အသစ်တစ်ခုမှာ ခန့်မှန်းဖော်ပြထားပါတယ်။

ဆောင်းပါး

စူပါအယ်လ်နီညို​ကြောင့်နှစ်ပေါင်း ၁,၀၀၀အတွင်းကမ္ဘာကြီးမှာအပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်းပညာရှင်​တွေခန့်မှန်း

Facebook