ဇွန်-၂၆၊၂၀၂၆။People’s Spring
ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၅ ရက်မြောက်နေ့ယှဥ်ပြိုင်တဲ့ အုပ်စုသုံးစုရဲ့နောက်ဆုံးပွဲစဥ်တွေမှာ အုပ်စုဗိုလ် ဂျာမနီ နဲ့ အမေရီကန်တို့ ရှုံးပွဲတွေ့ခဲ့ပြီး အောက်စုအောက်ဆုံးကအီကွေဒေါ ဟာ ဥရောပထိပ်သီး ဂျာမနီကို အနိုင်ရတာကြောင့်ရမှတ် ၄ မှတ် နဲ့အုပ်စုတတိယနေရာရပြီး ရှုံးထွက်အဆင့်တက်ဖို့ အခြေအနေကောင်းသွားပါတယ်။
၂၀၂၆ အုပ်စု D ,E,F ရဲ့အုပ်စု နောက်ဆုံးပွဲစဥ်တွေ ယှဥ်ပြိုင်တာမှာ အုပ်စု D ဇယားထိပ်ကအမေရီကန်ရော ၊အုပ်စု E ဗိုလ် ဂျာမနီရော ရှုံးပွဲကြုံခဲ့တာပါ ။ အီကွေဒေါက ရှေ့မှာ ၂ ပွဲကစားတာမှာ ၁ ပွဲရှုံး ၊၁ ပွဲသရေရလဒ်ကြောင့် ၁ မှတ်သာရခဲ့ပြီး အုပ်စုနောက်ဆုံးပွဲမှာ ဇယားထိပ်က ဂျာမနီနဲ့ယှဥ်ပြိုင်ရမှာကြောင့် အုပ်စုပြုတ်တော့မယ်လို့ ဘောလုံးသုံးသပ်သူအများစုထင်ခဲ့ကြတာပါ။ ဒါပေမယ့် အဓိကကစားသမားအစုံနဲ့ ပွဲထုတ်ခဲ့တဲ့ ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့ အံအားသင့်ဖွယ်အနိုင်ရခဲ့ပါတယ်။



အီကွေဒေါက ရမှတ် ၄ မှ နဲ့ အုပ်စုတတိယရတာကြောင့် အကောင်းဆုံးတတိယနေရာရ ၈သင်းအနေနဲ့နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ဖြစ်သွားပါတယ် ။ ရှေ့ ၂ပွဲစလုံးနိုင်ခဲ့တဲ့ဂျာမနီ ကလည်း ရှုံးပွဲကြုံပေမယ့် အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်တက်ခဲ့ပါတယ်။အိုင်ဗရီကိုစ်ကလည်း ကျူရာဆောင်းကို ၂ ဂိုးပြတ်နိုင်ပြီး ရမှတ် ၆ မှတ် ၊ဂိုးကွာဟချက် နည်းလို့ အုပ်စုဒုတိယနေရာကနေ ၃၂ သင်းရှုံးထွက်အဆင့်တက်ခဲ့ပါတယ်။

Public Service Announcement
အုပ်စု D မှာပုံစံကောင်းတွေပြနေတဲ့ အုပ်စုဗိုလ်ဘအမေရီကန်ကို အုပ်စုကပြုတ်သွားပြီဖြစ်တဲ့ တူရကီက ၃ ဂိုး-၂ ဂိုးနဲ့ အကြိတ်အနယ်ကစားပြီး သိက္ခာဆည်တဲ့အနေနဲ့အနိုင်ရအောင်ကန်ခဲ့ပါတယ် ။ အိမ်ရှင်အမေရီကန်အသင်းအဖွင့်ဂိုးစသွင်းနိုင်ပေမယ့် တူရကီကိုရှုံးနိမ့်ခဲ့ပါတယ် ။ဒါပေမယ့် အမေရီကန်က အုပ်စုဗိုလ်အနေနဲ့ ၃၂ သင်းရှုံးထွက်အဆင့်ကိုတက်ခဲ့ပါတယ် ။
၃ မှတ်စီရထားတဲ့ပါရာဂွေး နဲ့ သြစတြေးလျတို့က ဂိုးမရှိသရေရလဒ်ထွက်တာကြောင့်သြစတြေးလျက ဂိုးကွာခြားချက်အသာ နဲ့အုပ်စု ဒုတိယရပြီး ရှုံးထွက်ကိုတက်ပါတယ်။
ပါရာဂွေးကလည်း ၄ မှတ်နဲ့ အုပ်စုတတိယရတာမို့ နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းပါတယ် ။ပါရာဂွေးအတွက် အနိုင်ဂိုးကို ဂွန်ဇာလိုပလက်တာက ပွဲချိန် ၇၇ မိနစ်မှာသွင်းယူပေးခဲ့တာပါ။
အုပ်စု F မှာနယ်သာလန်က တူနီးရှားကို ၂ ဂိုး-ဂိုးမရှိနဲ့နိုင်ပြီးရှုံးထွက်အဆင့်တက်ပါတယ်။ ၃၂ သင်းအဆင့်ရှုံးထွက်မှာ အုပ်စု C ကဒုတိယ မော်ရိုကိုနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ် ။
ဂျပန်နဲ့ ဆွီဒင်တို့ပွဲမှာ တစ်ဘက်တစ်ဂိုးစီနဲ့သရေကျပြီး ၅ မှတ်ရ ဂျပန်က အုပ်စုဒုတိယရပြီး ရှုံးထွက်မှာ ဘရာဇီးနဲ့ထိပ်တိုက်တွေ့ဆုံပါတယ် ။ဆွီဒင်ကတော့ ရမှတ် ၄ မှတ်နဲ့ ရှုံးထွက်အဆင့်တက်ဖို့ အကောင်းဆုံး တတိယအသင်း ၈ သင်းစာရင်းဝင်ဖို့အခြေအနေကောင်းသွားပါတယ် ။
အုပ်စု ၆ စုရဲ့နောက်ဆုံးပွဲတွေ ယှဥ်ပြိုင်ပြီးချိန်မှာ ၃ ပွဲစလုံးအနိုင်စံချိန်ကို မက္ကဆီကိုအသင်း ၁ သင်းတည်းထိန်းနိုင်သေးပါတယ်။


















































