Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မြို့တော်မိတ္ထီလာမှာ ပေါ်တာဆွဲနေ

စစ်တပ်ထောက်ခံသူတွေအများစုရှိတဲ့ မိတ္ထီလာမြို့မှာ အာဏာသိမ်း စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

(မိတ္ထီလာမြို့အဝင်တွင် စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြီးခဲ့သည့် ၂၀၂၄ နှစ်အတွင်းက တွေ့ရစဥ်။ ဓါတ်ပုံ - CJ)

ဇွန် ၂၇၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်တပ်ထောက်ခံသူတွေအများစုရှိတဲ့ မိတ္ထီလာမြို့မှာ အာဏာသိမ်း စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလတလျှောက် မိတ္ထီလာမြို့မှာ ပေါ်တာဆွဲတာတွေဟာ တခြားဒေသတွေလောက် မဆိုးရွားခဲ့ပေမယ့် ယခု ဇွန်လအတွင်းမှာတော့ မြို့ပေါ်ရော ကျေးရွာတွေမှာပါ စစ်တပ်က ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“အိမ်ပေါ်ထိ တက်ဆွဲနေတယ်။ မိတ္ထီလာမြို့အနောက်ဘက် ဇရပ်ကုန်းရွာဘက်အထိ ပတ်ဆွဲနေတယ်။ ရွာတွေထဲအထိလည်း ဝင်ဆွဲတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲခံလိုက်ရသူတွေကို ငွေကြေးအမြောက်အများနဲ့ လိုက်လံရွေးယူနေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် မိတ္ထီလာမြို့ပေါ်မှာ လူသွားလူလာနည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊

အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပို့တပ်ဖွဲ့များအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြားရှိတဲ့ မြို့ဖြစ်ပါတယ်။

စစ်တပ်မြို့တော်ဖြစ်တာကြောင့် ယခင်က ပေါ်တာဆွဲတွေ နည်းပါးခဲ့ပေမဲ့ ယခုအခါ အင်အားလိုအပ်ချက်ကြောင့် တပ်မြို့တော်ပါမချန် ပေါ်တာဆွဲလာတာဖြစ်ကြောင်း ဒေသခံတွေက မှတ်ချက်ပြုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ဇူလိုင်မှာ စစ်မှုထမ်းအပတ်စဥ် (၂၆)ကို စတင်ဖို့ ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကလေးဆေးရုံကြီးမှာဆေးရုံလာတက်နေတဲ့စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကလေးငယ်တွေရဲ့ဖခင်နှစ်ဦးဟာအာဏာသိမ်းစစ်တပ်အတွက်ပေါ်တာဆွဲခံရပြီးနောက်ဝေဖန်မှုတွေ မြင့်တက်လာချိန်မှ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Facebook