Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အုပ်စုတတိယအ​ကောင်းဆုံး ၈ သင်းစာရင်းဝင်ဖို့ ​အီရန် ၊ စ​ကော့တလန် ၊​တောင်ကိုရီးယားတို့ကျန်အုပ်စုပွဲရလဒ်ကို​စောင့်​​မျှော်

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ ရက်​မြောက်​နေ့ အုပ်စု G,H,I ရဲ့ အုပ်စု​နောက်ဆုံးပွဲ​တွေယှဥ်ပြိိုင်ပြီးချိန်မှာ ပြင်သစ် ၊စပိန် ၊ဘယ်လ်ဂျီယံတို့က အုပ်စုဗိုလ် ၊ ​နော်​ဝေ ၊ကိပ်ဗာဒီ ၊အီဂျစ်တို့က အုပ်စု ဒုတိယနဲ့ ​ ၃၂ သင်းရှုံးထွက်အဆင့်တက်ခဲ့ပါတယ် ။

ဇွန်-၂၇၊၂၀၂၆။ People’s Spring

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ ရက်​မြောက်​နေ့ အုပ်စု G,H,I ရဲ့ အုပ်စု​နောက်ဆုံးပွဲ​တွေယှဥ်ပြိိုင်ပြီးချိန်မှာ ပြင်သစ် ၊စပိန် ၊ဘယ်လ်ဂျီယံတို့က အုပ်စုဗိုလ် ၊ ​နော်​ဝေ ၊ကိပ်ဗာဒီ ၊အီဂျစ်တို့က အုပ်စု ဒုတိယနဲ့ ​ ၃၂ သင်းရှုံးထွက်အဆင့်တက်ခဲ့ပါတယ် ။ အာရှက အီရန် အသင်းကလည်း သုံးပွဲကစား သုံးပွဲလုံး သ​ရေကျခဲ့ပါတယ် ။ဒါ​ပေမယ့် ကိပ်ဗာဒီလို အုပ်စု ဒုတိယ​တော့မရပဲ အုပ်စု တတိယပဲ ရလို့ တတိယ အ​ကောင်းဆုံး ၈ သင်း အ​နေနဲ့​နောက်တစ်ဆင့်တက်နိုင်မလား ​ကျန် အုပ်စု ၃ ပွဲ​​နောက်ဆုံးပွဲ​တွေရလဒ်ကို​စောင့်ကြည့်​​နေရပါတယ် ။ အီရန်ဟာ အီဂျစ်ကို အ​ကောင်းဆုံးတုံ့ပြန်ကစားရင်း အချိန်ပို ၉၂ မိနစ်​ကျော်မှာ အနိုင်ဂိုးသွင်းနိုင်​ပေမယ့် ဒိုင်လူကြီးက လူကျွံ​​ဘောသတ်မှတ်လို့ နိုင်ပွဲနဲ့ ​ဝေးခဲ့ရတာပါ ။ အီရန်ကစားသမား​တွေက​တော့ ဖီဖာပွဲစီစဥ်သူ​တွေက အီရန်ကို ပြိုင်ပွဲမှာဆက်မရှိ​စေချင်လို့ အခုလိုလုပ်တာလို့ စွပ်စွဲ​နေကြပါတယ် ။

ဒါ​ကြောင့်အာရှက ​တောင်ကိုးရီးယားနဲ့ အီရန်တို့ဟာ အုပ်စုတတိယ ရ​ပေမယ့် ၃ မှတ်ပဲရလို့အ​ကောင်းဆုံးတတိယ ၈ သင်းစာရင်းဝင်ဖို့ J,K,L အုပ်စု​နောက်ဆုံးပွဲ​တွေ​စောင့်ကြည့်​နေရပါတယ် ။အုပ်စု ၉ စု ပွဲစဥ်​တွေအားလုံးပြီးဆုံးချိန်မှာ ​ဘောစနီးယား ဟာဇီဂိုးဘီးယား ၊ပါရာ​ဂွေး ၊အီ​ကွေ​ဒေါ ၊ဆွိဒင်တို့က ရမှတ် ၄ မှတ်စီနဲ့ အုပ်စု တတိယအ​ကောင်းဆုံး ၈ သင်းအ​နေနဲ့​နောက်တစ်ဆင့်တက်သွားပါပြီ။ ၃ မှတ်စီ ရထားတဲ့ အုပ်စုတတိယရအသင်း​တွေထဲမှာ ဆီနီ​ဂေါက သွင်းဂိုးက ​​ပေးဂိုးထက် ၂ ဂိုးသာပြီး ဂိုးကွာခြားချက်အသာအရဆုံးအသင်းဖြစ်​နေပါတယ်။ ဒါ​ကြောင့်ကျန် အုပ်စု ၃ စုကတတိယရအသင်း​တွေ ၄ မှတ်စီရခဲ့ရင်​တောင်တတိယအ​ကောင်းဆုံးအသင်းက ၇ သင်းပဲရှိ​သေးတာမို့ သူ့အတွက် ၁ ​နေရာက​သေချာသွားပြီး ရှုံးထွက်ကိုတက်သွားပါပြီ ။

တောင်ကိုးရီးယား ၊အီရန် ၊စ​ကော့တလန်တို့က ​တော့ ၃ မှတ်စီနဲ့ ကျန် အုပ်စုအ​ဖြေ​တွေကို​စောင့်​နေရတာဖြစ်ပါတယ် ။ရမှတ်တူရင် ရဂိုး၊​ပေးဂိုး အနည်းအများ ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မှာဖြစ်ပါတယ် ။ ဥရု​ဂွေးက​တော့ အုပ်စု တတိယ ​ပေမယ့် ၂ မှတ်ပဲရလို့ ​​နောက် တစ်ဆင့်တက်ဖို့ ​မျှော်လင်ချက်မရှိ​တော့ပါဘူး ။

Public Service Announcement

Public Service Announcement

မြန်မာစံ​​တော်ချိန် မနက်ဖြန် မနက်အ​စောကစားမဲ့အုပ်စု သုံးစုမှာ အယ်လ်ဂျီးရီးယား(၃ မှတ်) ၊ခရို​အေးရှား(၃ မှတ်) ၊ဒီအာ ကွန်ဂို(၁ မှတ်) တို့က ​နောက်ဆုံးပွဲမကန်ရခင်မှာ အုပ်စု တတိယအဖြစ်ရပ်တည်​နေပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ဂျပန်ဟာ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရတဲ့ ပထမဆုံး အာရှအသင်း ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။