Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ခိုလှုံနေတဲ့ တရုတ် ဘီလီယံနာသူဌေး ငွေကြေးလိမ်လည်မှုတွေကြောင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ

တရုတ်ကနေ ထွက်ပြေးလာခဲ့တဲ့ ဘီလီယံနာ သူဌေးကြီး တစ်ဦးဟာ အမေရိကန်မှာ ငွေကြေးလိမ်လည်မှု စွပ်စွဲချက်တွေကြောင့် ထောင်ဒဏ် နှစ်ပေါင်း ၃၀ ချမှတ် ခံခဲ့ရပါတယ်။

ဓာတ်ပုံ - The New York Times

တရုတ်ကနေ ထွက်ပြေးလာခဲ့တဲ့ ဘီလီယံနာ သူဌေးကြီး တစ်ဦးဟာ အမေရိကန်မှာ ငွေကြေးလိမ်လည်မှု စွပ်စွဲချက်တွေကြောင့် ထောင်ဒဏ် နှစ်ပေါင်း ၃၀ ချမှတ် ခံခဲ့ရပါတယ်။

ကောဝမ်ကွေ့ဟာ တရုတ်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ၂၀၁၇ မှာတော့ သူဟာ အမေရိကန်ဆီကို ထွက်ပြေး ခိုလှုံခဲ့သလို တရုတ် အာဏာရ ကွန်မြူနစ် ပါတီကို အပြင်းအထန် ဝေဖန်သူ တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူ့ကို အွန်လိုင်းမှာ အားပေးထောက်ခံသူ အများအပြားလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကောဟာ နောက်ပိုင်းမှာတော့ ငွေကြေးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု အရှုပ်အထွေးတွေနဲ့ စတင်ပတ်သက် ဆက်နွှယ်လာပါတယ်။ သူဟာ ငွေကြေးသမမာမှု၊ လိမ်လည်မှု၊ ခဝါချမှု စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်းလည်း စစ်ဆေး တွေ့ရှိလာခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာတော့ နယူးယောက်မြို့၊ တရားရုံးတစ်ခုက သူ့ကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ တရားသူကြီး အနာလစ်ဆာ တောရက်စ်က ကောဟာ တရုတ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြန့်ဝေပေးဖို့ အားထုတ် ကြိုးပမ်းနေသူတွေအပေါ် အမြတ်ထုတ်ခဲ့ပြီး သူတို့ရဲ့ ငွေကြေးတွေကို ကိုယ်ကျိုးအတွက် လိမ်လည်ရယူခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။ သူ့ကို အားပေးထောက်ခံသူတွေ အပြည့် ရှိနေတဲ့ တရားခွင်မှာပဲ ကောဟာ ထောင်ဒဏ်နှစ် ၃၀ စီရင်ချက် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာ သူ့အတွက် တရားဝင် သတ်မှတ်ပေးထားတဲ့ အခွင့်အရေးကောင်းတွေ အများကြီး ရှိနေပေမယ့် ကောက မရောင့်ရဲနိုင်ခဲ့ကြောင်း၊ အဲဒီအစား လူထောင်ပေါင်းများစွာရဲ့ ယုံကြည်မှုတွေကို သူ့ရဲ့ လောဘအတွက် ချိုးဖောက်ခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေ ရှောင် ဘက္ကလေက ဝေဖန်ခဲ့ပါတယ်။

ကောဟာ တရုတ်မှာ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီးတစ်ဦး ဖြစ်ခဲ့ပြီး တရုတ်အစိုးရနဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ တရုတ် အစိုးရ အရာရှိတွေက ကောဟာ အဂတိ လိုက်စားမှုတွေနဲ့ ဆက်စပ်နေကြောင်း စွပ်စွဲလာတဲ့နောက် သူက အမေရိကန်ဆီ ထွက်ပြေး ခိုလှုံခဲ့တာပါ။

အမေရိကန် အစိုးရ ရှေ့နေတွေက ကောဟာ အွန်လိုင်းကနေ အားပေး ထောက်ခံသူတွေကို ရင်းနှီးမြှုပ်နှံငွေတွေ ထည့်ဝင်ခိုင်းပြီး ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံကျော်လောက် စုဆောင်း ရယူနိုင်ခဲ့ကြောင်း ပြောပါတယ်။ သူဟာ အဲဒီငွေကြေးတွေကို ခမ်းနားထည်ဝါတဲ့ ဇိမ်ခံမှုတွေအတွက် အသုံးချခဲ့ပါတယ်။ ကောဟာ စတုရန်းပေ ၅ သောင်းလောက် ကျယ်ဝန်းတဲ့ ဇိမ်ခံအိမ်ကြီး ပိုင်ဆိုင်သလို ဒေါ်လာ ၁ သန်းတန် Lamborghini စူပါကား၊ ဒေါ်လာ ၃၇ သန်းတန် ဇိမ်ခံရွက်လှေတွေကိုလည်း ဝယ်ယူထားပါတယ်။

ကောကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုပြီး ထည့်ဝင်ငွေ အများအပြားကို နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွေမှာသာ ထည့်သွင်းမြှုပ်နှံခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သူဟာ တရုတ် အစိုးရကို ဝေဖန်ဆန့်ကျင်တဲ့ တခြား အင်အားစုတွေနဲ့လည်း ပူးပေါင်းပြီး စည်းရုံးဟောပြောမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

သူဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြံပေးဟောင်း ဖြစ်ခဲ့ဖူးသူ စတိဗ်ဘန်နွန်နဲ့လည်း ပတ်သက်မှုတွေ ရှိခဲ့ပြီး ဘန်နွန် ကိုယ်တိုင်လည်း ငွေရေးကြေးရေး အရှုပ်အထွေး ကိစ္စတွေနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆီကို ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ် အစိုးရက အငှားပေးပို့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Facebook