ဇူလိုင်-၅၊၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။
ကုက္ကိုစုပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးရဲတွေ ၊ပျူတွေ ကိုထိန်းသိမ်းထားစဥ်မှာ စစ်တပ်ကကျူးလွန်ခဲ့တာတွေကို စစ်ဆေးပေါ်ပေါက်ပြီးနောက်မကွေးတိုင်းပကဖ ကထုတ်ပြန်တာဖြစ်ပါတယ်။
ကုက္ကိုစု ပျူစောထီးကျေးရွာတွင်းမှာ အနီးကျေးရွာများမှ ပြည်သူ ၁၃ ဦး၊ ပကဖ ရဲဘော် ၂ ဦးနဲ့ ရဲဘော် သို့မဟုတ် ပြည်သူ အတည်မပြုနိုင်သေးသူ ၂ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပြီး ၉ ဦးကို နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ဒီကနေ့ ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

Public Service Announcement
သတ်ဖြတ်ခံရသူတွေထဲ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ၂ ဦးပါရှိကြောင်း တွေ့ရှိထားပြီး ပေါက်ပကဖရဲ့ ရဲဘော် ၂ဦးကိုတော့ နှိပ်စက်သတ်ဖြတ်ခဲ့တာကို ဖော်ထုတ်တွေ့ရှိခဲ့ရတယ်လို့ မကွေးတိုင်းပကဖကထုတ်ပြန်ပါတယ်။
ကျန်ပြည်သူ ၇ ဦးထဲက ၆ ဦးကို ၎င်းတို့ကျေးရွာတွေက အာမခံပေးသူရှိလို့ ရိုက်နှက်နှိပ်စက်ပြီး ပြန်လည်လွှတ်ပေးကာ ၂ ဦးကို ကျွန်သဖွယ် ခိုင်းစေထားကြောင်း သိရပါတယ်။
ပခုက္ကူခရိုင် ပကဖရဲ့ စစ်ဆင်ရေးအတွင်း ရေပြာရဲစခန်းနဲ့ ကုက္ကိုစု ကျေးရွာကို သိမ်းပိုက်ရရှိခဲ့ပြီး အလင်းဝင်ပူးပေါင်းလာတဲ့ ရဲ ၆ ဦး၊ လက်နက်ချ အညံ့ခံတဲ့ သုံ့ပန်းတွေ၊ ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေနဲ့ ကျေးရွာတွင်းနေ ကုက္ကိုစုကျေးရွာ နေထိုင်သူတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ၊ အခြေခံလူ့အခွင့်အရေးနဲ့ စစ်သုံ့ပန်း ဥပဒေတွေနဲ့ အညီ ထိန်းသိမ်းထားတယ်လို့ မကွေးတိုင်းပကဖက အသိပေးပါတယ်။
စစ်တပ်ဟာ ရဲ ၊ပျူစောထီးတွေ ဖမ်းဆီးခံထားရပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ကြောင်းတွေလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်မှာ တော်လှန်ရေးတပ်တွေက ပေါက်မြို့နယ်အရှေ့ခြမ်းက ရေပြာရဲစခန်းကို ကနဦးသိမ်းပိုက်ခဲ့ပြီးနောက် (၂)မိုင်ခန့်အကွာက ကုက္ကိုလ်စုရွာကို ထပ်မံထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဇွန် ၅ ရက်မှာလည်းကုက္ကိုလ်စုရွာတိုက်ပွဲက ထွက်ပြေးသွားတဲ့ ပျူ ၇၀ကျော်ကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့ပါတယ်။

















































