Connect with us

Hi, what are you looking for?

သတင်း

ဆဲဗင်းဂျူလိုင်ရဲ့ ရဲရင့်တဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေး လုပ်ဆောင်ဖို့ NUG တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ရာ ခေတ်အဆက်ဆက် အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်အာဇာနည်သူရဲကောင်းတွေကို အလေးအမြတ် ဦးညွှတ်ဂါရ၀ပြုကြောင်း ဖော်ပြပါတယ်။

(ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၆၄)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင် ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ABFSU)

ဇူလိုင် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s SPring

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ရာ ခေတ်အဆက်ဆက် အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်အာဇာနည်သူရဲကောင်းတွေကို အလေးအမြတ် ဦးညွှတ်ဂါရ၀ပြုကြောင်း ဖော်ပြပါတယ်။

၁၉၆၂ မတ်လ ၂ရက်မှာ စစ်အာဏာရှင်ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းတာ၊ တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းတာ၊ ဖိနှိပ်ချုပ်ချယ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေ ထုတ်ပြန်တာ တွေ ပြုလုပ်ခဲ့လို့ ကျောင်းသားလူငယ်တွေ အဲဒီနှစ် ဇူလိုင် ၇ရက်မှာ မတရားမှုတွေကို ရဲဝံ့စွာ ဆန့်ကျင်ဆန္ဒပြခဲ့ရာ စစ်တပ်က ကျောင်းသားလူငယ် ရာနဲ့ချီကို ပစ်ခတ်သတ်ဖြတ်တာ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးတာ ပြလုပ်ခဲ့ပါတယ်။

ဒါကြောင့် နှစ်စဉ် ဇူလိုင် ၇ရက်ရောက်တိုင်း ဆန္ဒပြကျောင်းသားလူငယ်တွေကို အောင်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပခဲ့ရာ NUGကလည်း သဝဏ်လွှာပေးပို့ပြီး အခုလို တိုက်တွန်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

“တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် ကျောင်းသားလူငယ် အပေါင်းတို့အနေဖြင့် ဆဲဗင်း ဂျူလိုင်၏ ရဲရင့်သော တော်လှန်ရေးစိတ်ဓာတ်ကို မဏ္ဍိုင်ပြုလျက်၊ စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်ကာ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းပြီး လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက် ချီတက်ကြပါစို့”လို့ တိုက်တွန်းထားတာပါ။

လက်ရှိ ဆင်နွှဲလျက်ရှိသော ပြည်သူ့နွေဦးတော်လှန်ရေးဟာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက ပြည်သူ့အာဏာကို အဓမ္မ လုယူကာ ပြည်သူတရပ်လုံးအပေါ် အဆိုးဝါးဆုံးသော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက် ရှိတာကြောင့် ပေါ်ပေါက်လာတဲ့ တော်လှန်ရေး ဖြစ်တယ်လို့ဆိုပါတယ်။ ဒီတော်လှန်ရေးမှာ ကျောင်းသားသမဂ္ဂ မျိုးဆက် အသီးသီးအပါအဝင် ကျောင်းသား လူငယ်တွေဟာ ကျရာတာဝန် ကို ပြည်သူနဲ့အတူ ရှေတန်းက မားမားမတ်မတ် ရပ်တည်ကာ ဆဲဗင်းဂျူလိုင်က ပေးအပ်ခဲ့တဲ့ မပြီးဆုံးသေးသည့် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့အပေါ် NUGက ဂုဏ်ယူလေးစားကြောင်း ဖော်ပြပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း မျိုးဆက်သစ် ကျောင်းသား လူငယ်များရဲ့ စုစည်းညီညွတ်မှု၊ ဆန်းသစ် တီထွင်နိုင်စွမ်းနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် နိုင်မှုတို့ကြောင့် ရက်စက် ကြမ်းကြုတ်သော စစ်အာဏာရှင်ယန္တရား တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီ ဖြစ်တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ကျောင်းသားလူငယ်တွေဟာ တိုင်းပြည်ရဲ့အရေးအကြီးဆုံးသော အရင်းအမြစ်များ ဖြစ်သလို အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်မှာ တိုင်းပြည်ရဲ့ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမယ့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များဖြစ်လို့ လူငယ်တို့ရဲ့ အခန်းကဏ္ဍ အထူးအရေးပါတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသော ကျောင်းသား လူငယ်ခေါင်းဆောင်များနဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်၍ ကျူးလွန်သူများကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း NUG ရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

၁၉၆၂ ဇူလိုင် ၇ ရက်က အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်တက္ကသိုလ်က ကျောင်းသား ၅,၀၀၀ ခန့် တက်ရောက်တဲ့ ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ ကျောင်းသား ၁၀၀ကျော် သေဆုံးပြီး ၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေထွက်ခဲ့ပြီး စစ်တပ်ကတော့သေဆုံးသူ ၁၅ ဦးလို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်နေ့ မနက်အစောပိုင်းမှာတော့ စစ်တပ်ဟာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (RUSU) အဆောက်အအုံကို မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၇)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ရန်ကုန်မြို့ လူစည်ကားရာနေရာအချို့မှာ တော်လှန်လူငယ်များစုပေါင်းပြီး (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၇)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တပ်တွေ ဖမ်းဆီးခဲ့တဲ့ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးပြန်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေက ပြောပါတယ်။