Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တရုတ်ဘုံကျောင်းက ကြေးစည် အခိုးခံရ

မန္တလေးမြို့မှာ တရုတ်ဘုံကျောင်းက ကြေးစည် ခိုးယူခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

မန္တလေးမြို့မှာ တရုတ်ဘုံကျောင်းက ကြေးစည် ခိုးယူခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

ဇူလိုင် ၉၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ တရုတ်ဘုံကျောင်းက ကြေးစည် ခိုးယူခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၆၈ လမ်းနဲ့ ၃၂ A လမ်းထောင့်မှာရှိတဲ့ တရုတ်ဘုံကျောင်း (ထောက်ကြည့်တန် ငါးပါးသီလ ဘုရားကျောင်း)မှာ တပ်ထားတဲ့ ကြေးစည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် မနက် ၉ နာရီဝန်းကျင်က ခိုးယူခံလိုက်ရတာပါ။

ထွက်ပေါ်လာတဲ့ စီစီတီဗွီမှတ်တမ်းအရ တရုတ်ဘုံံကျောင်းထဲကို အမျိုးသားတစ်ဦးဟာ 125 ဆိုင် ကယ်စီးပြီး ဆိုင်ကယ်စီးဦးထုပ်အဖြူဆောင်းကာ ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားဟာ ဘုရားကျောင်း အဆောင်ရှေ့မှာ ဆိုင်ကယ်ကို ရပ်တန့်ပြီး ကျောင်းဆောင်ပေါ် တက်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ကျောင်းဆောင်ပေါ်က ကြေးစည်ကို ဆိုင်ကယ်ခွကြားပေါ်တင်ပြီး မောင်းနှင်ထွက်ခွာသွားတာ တွေ့ရပါတယ်။

ကြေးစည်တစ်ခုဟာ ကြေးပိဿာချိန်နဲ့ အရွယ်အစားပေါ်မူတည်ပြီး ငွေကျ​ပ်သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တန်ကြေးရှိတယ်လို့ ရောင်းဝယ်သူတွေဆီက သိရပါတယ်။ အလားတူ မန္တလေးမြို့မှာ လမ်းပေါ်ထားတဲ့ မီးစက်တွေ၊ မီးကြိုးတွေလည်း မကြာခဏ ဖြုတ်ယူခိုးခံနေရပြီး လုံခြုံမှုကင်းမဲ့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ ခိုးဆိုးလုယက်မှုတွေ၊ ဓါးပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်လက်အောက်ခံ ရဲတွေကလည်း ဖမ်းဆီးအရေးယူတာတွေ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ မီးလောင်နေတဲ့ ဂိုဒေါင်ထဲ ပိတ်မိနေတဲ့ ဂိုဒေါင်စောင့် အဘိုး၊အဘွားလင်မယားကို ပြည်သူတစ်ဦးက ဘာအကာအကွယ်မှမပါဘဲ ဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပျက်စီးပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်သူ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook