Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO ခေါင်းဆောင်တွေကို သေနတ်တွေ လက်ဆောင်ပေးခဲ့တဲ့ တူရကီ သမ္မတ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၈ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ NATO ထိပ်သီး ညီလာခံ အပြီးမှာတော့ NATO အဖွဲ့ဝင် နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေဟာ အိမ်ရှင်နိုင်ငံ သမ္မတဆီကနေ အိမ်အပြန် လက်ဆောင် ဘူးလေးတွေ ရခဲ့ကြပါတယ်။ အဲဒီထဲမှာတော့ Revolver ပစ္စတို တစ်လက်နဲ့ ကျည်ဆန် ခြောက်တောင့်ဆီကို ထည့်သွင်းထားပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ပုံမှန် အခြေအနေတွေနဲ့ ကွာခြားနေတဲ့ တူရကီ သမ္မတ ရာဂျစ် တေယစ် အာဒိုဝမ်ရဲ့ လက်ဆောင်အကြောင်း အစောဆုံး ထုတ်ပြောခဲ့သူ ဖြစ်ပါတယ်။ ပစ္စတိုတွေရဲ့ လက်ကိုင်မှာတော့ အန်ကာရာ မြို့တော်မှာ ကျင်းပခဲ့တဲ့ NATO ညီလာခံ အမှတ်တရဆိုတဲ့ စာသားပါတဲ့ သတ္တုပြားကို တပ်ဆင်ပေးထားပြီး သေနတ်ရဲ့ ပြောင်လက်နေတဲ့ သံမဏိ ကိုယ်ထည်မှာလည်း တူရကီ အလံမှာပါတဲ့ ကြယ်နဲ့လ သင်္ကေတကို ထွင်းထုပေးထားပါတယ်။

သေနတ်ဘူးထဲမှာတော့ ပြည်ပတင်ပို့ခွင့်ကို ကန့်သတ် ထိန်းချုပ်ထားကြောင်း သတိပေးစာကိုလည်း ထည့်သွင်းပေးထားပါတယ်။ အထူးခြားဆုံး အချက်တစ်ခုကတော့ သေနတ်ပြောင်းပေါ်မှာ လက်ဆောင်ရတဲ့ NATO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင် တစ်ဦးချင်းစီရဲ့ နာမည်ကိုပါ ထွင်းထု ရေးသားထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် ဘတ်ဒီဝီဗာက သူဟာ တူရကီ သမ္မတဆီက လက်ဆောင်ကို ယူလာပေမယ့် ဘူးထဲမှာ ဘာပါသလဲ ဆိုတာကိုတော့ နိုင်ငံကို ပြန်ရောက်မှ သိခဲ့ပြီး အံ့ဩနေခဲ့ကြောင်း ပြောပါတယ်။ ဝန်ကြီးချုပ်ဟာ လေဆိပ်ရဲဆီ ဆက်သွယ်၊ အကျိုးအကြောင်း ရှင်းပြပြီး သေနတ်ကို ကမန်းကတမ်း လက်လွှဲပေးခဲ့ကြောင်း၊ နောက်ပိုင်းမှသာ သံတမန်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်လည် လွှဲပြောင်းယူဖို့ စီစဉ်ထားကြောင်း ဘယ်လ်ဂျီယမ် အစိုးရ အရာရှိ တစ်ယောက်က ပြောပါတယ်။

ဒီဝီဗာရဲ့ အဖွဲ့ဟာ ဘယ်လ်ဂျီယမ်နိုင်ငံမှာ အခြေစိုက်တဲ့ ဥရောပ သမဂ္ဂ (EU)ခေါင်းဆောင်တွေဖြစ်တဲ့ အာဆူလာ ဗွန်ဒါလီယန်နဲ့ အန်တိုနီယို ကော်စတာတို့အတွက် ထည့်ပေးလိုက်တဲ့ ဘူးတွေထဲက သေနတ်တွေကိုပါ လေဆိပ်ရဲဆီ လွှဲပေးခဲ့ပါတယ်။

ဗွန်ဒါလီယန်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ ဥရောပ ကော်မရှင် အကြီးအကဲ အမျိုးသမီးဟာ ဒီလက်ဆောင်အတွက် အာဒိုဝမ်ကို ကျေးဇူးတင်နေကြောင်း၊ သေနတ်ကိုတော့ စစ်ရေးပြတိုက် တစ်ခုဆီ လွှဲပြောင်း လှူဒါန်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ပိုလန် သမ္မတ ကာရိုလ် နော်ရော့ကီအတွက် သေနတ်ကလည်း ဝါဆောမြို့ဆီ ချောချောမောမော ဆိုက်ရောက်လာပါတယ်။ ဒါပေမဲ့ လက်နက် လက်ဆောင်ပေးတာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အတိတ်ဇာတ်ကြောင်း တစ်ခုကလည်း ပိုလန်မှာ အမှတ်ရစရာ ဖြစ်နေပါတယ်။ နော်ဝေး ရဲတပ်ဖွဲ့ အကြီးအကဲဟာ ယူကရိန်းက လက်ဆောင်ပေးလိုက်တဲ့ တင့်ဖျက်ဒုံးကျည် ထိပ်ဖူးကို ယူဆောင်လာပြီး ရုံးခန်းထဲမှာ ထားရှိခဲ့ပါတယ်။ အဲဒီ ထိပ်ဖူးဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ပေါက်ကွဲခဲ့တာကြောင့် သူကိုယ်တိုင် ဒဏ်ရာအနည်းအကျဉ်း ရခဲ့ပြီး ရုံးခန်းလည်း အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။

နယ်သာလန် ဝန်ကြီးချုပ် ရော့ဘ်ဂျက်တန်ကတော့ တူရကီမှာ ဆက်ရှိနေပြီး သူ့အတွက်ရတဲ့ လက်ဆောင်ကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကိုင်တွယ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။

ကနေဒါ ​ဝန်ကြီးချုပ် မတ်ခ်ကာနေးက သေနတ်ကို သူနဲ့အတူ တစ်ပါတည်း ယူဆောင်လာပေမယ့် ကျည်ဆန်တွေကိုတော့ တူရကီမှာပဲ ထားခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ ကနေဒါ အစိုးရ တာဝန်ရှိသူတွေက ရှင်းမပြကြပါဘူး။

အခုအချိန်ထိ ကွဲကွဲပြားပြား သဘောမပေါက်နိုင်သေးတာကတော့ တူရကီ သမ္မတဟာ NATO မဟာမိတ်နိုင်ငံ အကြီးအကဲတွေကို ဘယ်လို ရည်ရွယ်ချက်နဲ့ သေနတ်တွေ လက်ဆောင်ပေးခဲ့သလဲ ဆိုတာပါပဲ။ တူရကီ သမ္မတရုံးကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မထုတ်ပြန်ဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

ခရီးသည်တင် လေယာဉ်တစ်စီးကို NATO စစ်မဟာမိတ် အဖွဲ့ရဲ့ တိုက်လေယာဉ်တွေက ကြားဖြတ် စောင့်ကြည့်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဟောင်ကောင် အရပ်ဖက် လေကြောင်း ကွပ်ကဲရေးဌာန (CAD)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ်ဖို့ ခွင့်ပြုပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စိတ်အပြောင်းအလဲ မြန်ဆန်မှုတွေက အဖွဲ့ဝင် နိုင်ငံတွေအတွက် မျက်စိလည်စရာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook