Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ ရှော့တိုက်ဒုန်းပစ်ခတ်ခံရပြီး မြို့ခံတွေကြား စိုးရိမ်မှုမြင့်တက်

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

(လားရှိုးမြို့က အိမ်တစ်လုံး​ပေါ် ​ရှော့တိုက်ဒုံးကျပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ)

ဇူလိုင်-၁၀၊၂၀၂၆။အိမ်သွင်/People’s Spring

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

ဇူလိုင်လ ၉ရက်၊ညနေ ၄နာရီ၅၀မိနစ်ခန့်မှာ လားရှိုးမြို့ပေါ်ကိုရှော့တိုက်ဒုန်းသုံးလုံးကျရောက်ပေါက်ကွဲခဲ့တာပါ။ ရပ်ကွက်(၆)ထဲက အရပ်သားအမျိုးသမီးတစ်ဦးသေဆုံးပြီးရပ်ကွက်(၁၀)ကတဦးဒဏ်ရာရသွားပါတယ်။

ဇူလိုင်၁၀ ရက်မှာတော့လားရှိုးမြို့ကစက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီဝယ်ယူနေကြသလို ဆန်နဲ့ စားသောက်ကုန်ဝယ်ယူနေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပုံမှန်သွားလာနေကြပေမယ့် တကယ်က လူတောင် ပိုရှုပ်နေတာ။ ရှေ့ဆက်လာဖြစ်မလဲ မခန့်မှန်းနိုင်ကြဘူး။ ဖြစ်လာရင် အရင်တခါလို ခါးစည်းမခံရဲကြဘူး”လို့ လားရှိုးမြို့ ရပ်ကွက်(၆)မှာနေတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

ကိုးကန့်တပ်(MNDAA)နဲ့ PDF ပါဝင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးမြို့ကို၂၀၂၄ သြဂုတ်လမှာထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ်။ ဒါ​ပေမယ့်တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ MNDAA က၂၀၂၅ ဧပြီလမှာ ကျည်တစ်ချက်မ​ဖောက်ပဲ စစ်တပ်ကိုပြန်​ပေးခဲ့ရပါတယ်။မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်နဲ့ MNDAA လည်း အကြိမ်ကြိမ်ညှိနှိုင်းနေပေမယ့် ပြေလည်မှုမရသေးပါဘူး။

စစ်တပ် ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း ‌မြို့ပေါ်ကို ရှော့တိုက်ဒုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခံရပြီး ယခုအကြိမ်က ပထမဆုံး လူသေဆုံးမှုဖြစ်ပါတယ်။ ယခုဖြစ်စဉ် မတိုင်မီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်၊ဖေဖော်ဝါရီလ ၁၁ရက် နဲ့ဧပြီလ ၂၃ရက်နေ့မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

“မိအေးအကြိမ်ကြိမ် အနာမခံချင်ဘူး။ တရုတ်အစိုးရလည်း မြန်မာနိုင်ငံအခြေအနေကို အမှန်သိအောင်လုပ်ပါ။ မြွေမသေဒုတ်မကျိုးလုပ်နေရင် မြို့ခံတွေပဲ ဒုက္ခရောက်တာ”လို့ လားရှိးမြို့မှာနေတဲ့ တရုတ်နွယ်ဖွားတဦးက ပြောပါတယ်။

ဇူလိုင် ၉ ရက် ညနေပိုင်းရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုမသိရှိရသေးပါဘူး။ စစ်တပ်တပ်ကိုယ်တိုင်က လုပ်ကြံပစ်ခတ်တာလို့​ပြောသူ​တွေလည်းရှိနေပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဟာ နှစ်နိုင်ငံ အစိုးရချင်းသာ ဆောင်ရွက်ရတာဖြစ်ပြီး ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုဘူးလို့ ဇူလိုင် ၉ ရက်က အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်း အစည်းအဝေးမှာ​ပြောခဲ့ပါတယ် ။

အဲလို​ပြော့ပြီးဇူလိုင် ၉ ရက်ညပိုင်းမှာလားရှိုးမြို့ ပေါ် ​​ရှော့တိုက်ဒုံးနဲ့အပစ်ခံရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။