Connect with us

Hi, what are you looking for?

News

နေပြည်တော် လက်ဖက်တောင်ရွာအနီး စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဟုဆို

စစ်ကောင်စီတပ်မှ စစ်ကားနှစ်စီး တိုက်ခိုက်ခံရသည့် လက်ဖက်တောင်ကျေးရွာသည် ပျဥ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းတည်ရှိပြီး တောတောင်နှင့် လျှိုမြောင်များထူထပ်သည့် ဒေသတစ်ခုသည်။

People's Spring
People's Spring

နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းမနားမြို့ လက်ဖက်တောင်ကျေးရွာအနီး စစ်ကားနှစ်စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPTPDF)က အတည်ပြု ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယနေ့(ဒီဇင်ဘာ ၂၀) နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်စစ်ဒေသခွဲ PDF တပ်ရင်း(၈၀၂)၊ တပ်ခွဲ(၅)မှ မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကားတစ်စီး ချောက်ထဲကျကာ စစ်သား ၁၂ ဦးထက်မနည်းသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်ကြောင်း NPTPDF မှ တာဝန် ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်မှ စစ်ကားနှစ်စီး တိုက်ခိုက်ခံရသည့် လက်ဖက်တောင်ကျေးရွာသည် ပျဥ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းတည်ရှိပြီး တောတောင်နှင့် လျှိုမြောင်များထူထပ်သည့် ဒေသတစ်ခုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လက်ဖက်တောင်ကျေးရွာအနီးတွင် ပြီးခဲ့သည့်သြဂုတ်အတွင်းကလည်း စစ်ကောင် စီယာဥ်တန်း တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။